ကြံ့ခိုင်မှုကြောင့်လို့ သိရပါတယ်။

အာဇာနည်နေ့မှာ ဝန်ကြီးများရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံရတဲ့အခန်းက ကြံ့ခိုင်မှုအားနည်းနေတာကြောင့် ဒီနှစ်မှာ တက်ရောက်ခွင့်မပြုတော့ဘဲ LED ဘုတ်တွေနဲ့ပဲ ပြသဖို့ စီစဉ်ထားတယ်လို့ သမ္မတရုံးကထုတ်ပြန်ထားပါတယ်။

 

အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) မှာကျင်းပမယ့် အလံတင်ခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားကို ကျင်းပဖို့ နဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမကို ယခင်အတိုင်းခင်းကျင်းပြသဖို့နဲ့ အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံရတဲ့အခန်းက အဆောက်အအုံရဲ့ ကြံ့ခိုင်မှုအားနည်းနေတာကြောင့် မှတ်တမ်းပုံတွေနဲ့ LED ဘုတ်တွေနဲ့ပဲ ပြသဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေကို ရည်စူးပြီးဆွမ်းဆပ်ကပ်လှုဒါန်းပွဲကို ယခင်နှစ်တွေအတိုင်း ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပမှာကြောင့် နိုင်ငံတော်အဆင့်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီတွေနဲ့ ဆပ်ကော်မတီတွေအနေနဲ့ အသေးစိတ်လုပ်ဆောင်ဖို့ကိုလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ညွှန်ကြားထားတယ်လို့ လည်း သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလည်း အာဇာနည်နေ့မှာ အခမဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးတော့ နေအိမ်ပြတိုက်ရဲ့ အပေါ်ထပ်ကိုတော့ ကြ့ံ့ခိုင်မှုအားနည်းနေတာကြောင့် ပထမထပ်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ဝန်ကြီးများရုံးက သက်တမ်းတစ်ရာကျော် ရှိနေပြီး အလားတူပဲ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကလည်း နှစ်ပေါင်း ၉၀ ကျော်သက်တမ်းရှိတာကြောင့် ဒီနှစ်မှာ လူအများတက်ရောက်တဲ့ဒဏ်ကို မခံနိုင်မှာစိုးတာကြောင့် အခုလို တက်ရောက်ခွင့်ပိတ်တာလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က