ဒီနေ့ရုံးချိန်းမှာ တရားလိုစူးရှထက်တော့ လာရောက်ခြင်းမရှိဘူးလို့သိရပါတယ်။

အဆိုတော်အစ္စဏီရဲ့ ၉ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုစူးရှထက် လာရောက်ခြင်းမရှိဘဲ အမှုကို ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။


မော်ဒယ်ရည်းစားဟောင်းအကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရသူ အဆိုတော်အစ္စဏီ ရဲ့ အမှုမှာ တရားလို စူးရှထက်က ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။

 

 

တရားလိုစူးရှထက်ကနေ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ပြင်ဆင်မှု အမှတ် ၆၅/၁၈နဲ့ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားကြောင်း အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုတော်အစ္စဏီကို ဒီနေ့ ဇူလိုင် ၉ ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးမှာ  ၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလို စူးရှထက်နဲ့ တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်တို့ လာရောက်ခြင်းမရှိဘူးလို့သိရပါတယ်။

 

 

“ ဒီနေ့ရုံးချိန်းမှာ တရားလိုကနေပြီးတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ပြင်ဆင်မှု အမှတ် ၆၅/၁၈နဲ့ ရုံးပြောင်းလျှောက်ထားတဲ့အတွက် တရားလိုကို မစစ်ဆေးပါဘူးဆိုပြီး တင်ပြတဲ့အတွက် ရုံးတော်ကနေ နောက်ရုံးချိန်း တစ်ချိန်းထပ်မံချိန်းဆိုထားပါတယ်။ နောက်ရုံးချိန်းမှာတော့ အပေါ်ရုံးကနေပြီးတော့ အမှုတွဲယူသွားပြီဆိုရင်တော့ ကျွန်တော်တို့ ဒီမှာ စစ်မစစ်ပါဘူး။တရားခံကို ရုံးချိန်းတွေပဲ ပေးတော့မှာပါ” လို့ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁၆ ရက်ကို ချိန်းဆိုထားပြီး တရားလိုစူးရှထက် မလာရောက်ခဲ့ရင် သက်သေတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ မြန်မာ ဆယ်လီ 7 သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မာ်ဒယ်စူးရှထက် အဓမ္မပြုကျင့်နှိပ်စက်ခံရကြောင်း ပြောဆိုထားတဲ့ ရုပ်သံအင်တာဗျုးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က  အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ  မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က