ဝေဠုကျော်နဲ့ မေကဗျာတို့လည်း ပါပါသေးတယ်။

သရုပ်ဆောင် ဒွေးဟာ ဇူလိုင်မိုးစက်တွေကြားမှာ ချစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာ အခုဆိုရင်(၁၁)နှစ်တိုင် တိုင် ရှိခဲ့ပါပြီ။ သေသောသူ ကြာရင်မေ့ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပေမယ့် ကိုသားကြီး(ခ)ဒွေးကို အခုထက်ထိ မေ့မရခဲ့ကြပါဘူး။

 

ဒီနေ့(ဇူလိုင်၁၁ရက်)ဟာ ဒွေးကွယ်လွန်ခြင်း(၁၁)နှစ် တိတိပြည့်တဲ့နေ့ပါ။လူသာသေသွားတာ နာမည်အခုထိ မသေသေးတဲ့ဒွေးကို ပရိသတ်တွေ အခုတိုင် လွမ်းဆွတ်သတိရနေကြတုန်းပါ။ ဒွေးဟာ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အခုထက်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ စိုးမိုးထားနိုင်ဆဲ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

ဒီနေ့မှာသူ့ရဲ့ ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇနီးဖြစ်သူ မမိုးနဲ့အတူ သားညီ၊ဇွဲနိုင်ဝင်း၊ ဝေဠုကျော်၊မုဏ်း၊ မေကဗျာတို့က အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ဇနီးသည်နဲ့ အနုပညာရှင်တွေဟာ မှော်ဘီမြို့မှာရှိတဲ့ သာသနာ့ဝံဆောင် ကျောင်းတိုက်မှာ ဒွေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်းကို ဇွဲနိုင်ဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၁) ရက်နေ့က ရေးသားထား ပါတယ်။

ဇွဲနိုင်ဝင်းဟာ နှစ်တိုင်းလိုလို ဒွေးရုပ်တုရှိရာ ချောင်းဝကျောင်းကို အမြဲတမ်း သွားဖြစ်နေသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဒွေးရုပ်တုရှိရာ ချောင်းဝကျောင်းသို့ သွားပြီး သန့်ရှင်းရေးတွေလုပ်ခဲ့တာ တွေ့ရပါတယ်။

အကို့အတွက် မွေးနေ့ဆု တောင်းပေးနေတဲ့ သားညီ

ညီအရင်းဖြစ်သူ သားညီကလည်း အကိုဖြစ်သူအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်းနဲ့ "အကိုရေကျွန်တော် ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်တွေအကုန်လုံးကို အစ်ကို့ကို ရည်စူးပြီး အမျှပေးပါတယ်။.သာဓု ခေါ် ပါနော် ။သားညီ " လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၁) ရက်နေ့ ရေးသားထားပါတယ်။ သားကြီးအကိုအတွက် နှစ်တိုင်း ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေကြပါ။

 

ဇူလိုင်မိုးစက်တွေကြားထဲမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဒွေးဟာ သရုပ်ဆောင် လောကမှာ သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့သူပါ။ ပရိသတ်တွေသာမက အနုပညာမောင်နှမများက ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးရဲ့ နာမည်အရင်းက ထင်လင်းပါ။ ထင်လင်း(ခ)ဒွေးဟာ Y.I.T ကနေ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက်ဖြစ်ပါတယ်။

စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဒွေးဟာ ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲကို စတင်ခြေချခဲ့တာပါ။ ဦးလေးဖြစ်သူ ကျော်ဟိန်း နဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။

 

ဦးကျော်ဟိန်းကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထား တဲ့ "ဒုက္ခကိုအရောင်းဆိုးတယ်" မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနဲ့ စပြီး ပရိသတ် တွေ စသိခဲ့ရာ 'ဝေလည်းမွှေးကြွေလည်းမွှေး' ရုပ်ရှင်ကားမှ စပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။  ဒွေးဟာ ၁၉၉၇ခုနှစ်မှာ "အမေ့ခြေရာ"ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားပေါင်း များစွာ ၊ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ကြော်ငြာများစွာကို ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး သရုပ်ဆောင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ဂီတလောကမှာ အောင်မြင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က