သမီးလေးရဲ့ မွေးနေ့လည်းဖြစ်၊ အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်လည်းဖြစ်။

ဇူလိုင်လ ၁၇ ရက်နေ့ကတော့ သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါ တို့ရဲ့ သမီးဦးလေး ကြာဖြူကောင်းခန့် ရဲ့ အသက် တစ်နှစ်ပြည့် မွေးနေ့ ဖြစ် ပါတယ်။ အဲ့ဒီနောက် ဒီနေ့ကလည်း ကောင်းခန့်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်လေး ဖြစ်ပါတယ်။


Photo: Kaung Khant Fb


ဇူလိုင်လ ၁၇ ရက်နေ့(ဒီနေ့) ကတော့ သရုပ်ဆောင်ကောင်းခန့်တို့ မိသားစုလေးအတွက် အမှတ်တရနေ့ရက်လေး ဖြစ်လို့နေပါတယ်။ ဒီနေ့ဟာ သမီးဦးလေး ကြာဖြူကောင်းခန့်ရဲ့ အသက် ၁ နှစ်ပြည့်မွေးနေ့ဖြစ်သလို သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါ တို့ရဲ့ အိမ်ထောင် သက်တမ်း ၂ နှစ်ပြည့်လည်းဖြစ်ပါတယ်။

'' မနက်ဖြန် ဟာ ကျွန်မ တို့ရဲ့ အိမ်ထောင်သက် ၂နှစ်ပြည့်မင်္ဂလာ ဆိုတာကြီးကိုမေ့နေပြီး သမီးလေးကြာဖြူကောင်းခန့် ရဲ့ 1နှစ်ပြည့် မွေးနေ့ လေးအတွက် ဘာလုပ်ပေးရမလဲ ပဲ စဉ်းစားနေမိ'' တယ်ဆိုပြီးတော့ ကောင်းခန့်ရဲ့ ဇနီးဖြစ်သူ ရူပါက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဇူလိုင်လ 16 ရက်နေ့ ညနေ ၆ နာရီက ရေးတင်ခဲ့တာဖြစ်ပါတယ်။


Photo: Kaung Khant Fb

ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကောင်းခန့် 

သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါတို့ရဲ့ သမီးဦးလေးဖြစ်တဲ့ ကြာဖြူကောင်းခန့်ကတော့ အခုဆိုရင် အသက် ၁နှစ်တိတိပြည့်ခဲ့ပါပြီ။ သမီးလေး ကိုတော့ ၂၀၁၇ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သူတို့မိသားစု သုံးယောက်စလုံးက ဇူလိုင်လထဲမှာ မွေးတဲ့ သူတွေ ချည်းပဲ ဖြစ်ပါတယ်။


Photo: Kaung Khant Fb


ချစ်ရတဲ့ သမီးဦးလေး ကြာဖြူကောင်းခန့်ရဲ့ အသက် ၁ နှစ်ပြည့် မွေးနေ့ဆုတောင်းကိုတော့ ဖေဖေ ကောင်းခန့် နဲ့ မေမေ ရူပါ တို့ က ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း အမှတ်တရဖြစ်အောင်ရေးသားခဲ့ပါတယ်။ သမီးလေးကို စိတ်ဓာတ်မြင့်မားပြီး ဉာဏ်ရည် ထက်မြတ် စေချင်တဲ့ သမီးလေး ဖြစ်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။

"Happy Birthday မေမေ့ချစ်ဆုံး သမီးဦးလေး နေ့တိုင်းဘုရားမှာ ဆုတောင်းသလိုပဲ သမီးလေး ပေါ်ကျရောက်မယ့် ဘေးအန္တရာယ် အနှောင့်အယှက် အသွယ်သွယ် နဲ့ မကောင်းသော ရောဂါဘယများ ကင်းဝေးပြီး မရှိရလေအောင် ဖယ်ရှားပေးပါ ဘုရား ကျန်းမာသန်စွမ်း ဉာဏ်ရည် စိတ်ဓာတ် မြင့်မားပြီး ဘုရား တရား သိတတ် ကိုင်းရှိုင်းတဲ့ သမီးအလိမ္မာလေး ဖြစ်ပါစေ'' လို့ ဆိုပါတယ်။



Photo: Kaung Khant Fb


ချစ်သူ သက်တမ်း ၁၀နှစ် တွဲခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါ တို့ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်ခဲ့ပါပြီ။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာပဲ သမီးဦးလေး ကြာဖြူကောင်းခန့်ကို မွေးဖွားခဲ့ရာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ သမီးလေးက အသက် ၁နှစ်ပြည့်ပါပြီ။

Share

Loading Next Article...
က္က