အလုပ်အကိုင်သစ်များကို ကမ္ဘာသုံး search engine ကြီးတစ်ခုက ဦးဆောင်ပြီး ကူညီရှာဖွေပေးမယ့် အစီအစဉ်ပါ။
photo: The Verge
အလုပ်သစ် အကိုင်သစ်နဲ့အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ခြင်းဟာ ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ လူတိုင်း အသက်မွေးဝမ်းကြောင်း ကိုယ်စီနဲ့အလုပ်လုပ်ကိုင်နေကြတာကြောင့် Google ရဲ့ အလုပ်ရှာပေးမယ့် feature ဟာ အတော်လေး အသုံးတည့်မှာ သေချာပါတယ်။
Google Jobs ကို ၂၀၁၇ ခုနှစ်မှာ အမေရိကန် users တွေအတွက် ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ ယူကေရှိ အလုပ်ရှာနေသူများဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေရေးမှာ အရိုးရှင်းဆုံးဖြစ်စေဖို့AI နည်းပညာအကူနဲ့ ဖန်တီးထားပြီး လစာ ၊ ကုမ္ပဏီအကြောင်း နဲ့ရုံးတက်ချိန်က အစ ပါဝင်ပြီး အီးမေးလ်နဲ့ချိတ်ဆက်ပေးထားတာ ဖြစ်လို့အလုပ်သစ်တွေ့တာနဲ့မေးလ်ကနေ အသိပေးသွားမှာပါ။
ဒီ feature မှာ စိတ်ဝင်စားစရာတစ်ခုက Google Maps ကနေ ကိုယ်လျှောက်တဲ့ အလုပ်နဲ့ကိုယ့်နေရာ ဘယ်လောက် အကွာအဝေးမှာ ရှိသလဲ ဆိုတာကိုပါ တွက်ချက် ပြသပေးထားတာပါ။ ယူကေမှာတော့ Google ရဲ့ ဒီ featureကို ယူရေဲ့ အကြီးဆုံး အလုပ်အကိုင် ဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Gumtree ၊ Guardian Jobs ၊ Haymarket ၊ CV-Library နဲ့တစ်ခြား အလုပ်ရှာပေးတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး ဖြစ်လို့Google ရဲ့ အလုပ်ရှာ ဝန်ဆောင်မှုဈေးကွက်ဟာ ကျယ်ပြန့်လာဦးမှာပါ။
မကြာသေးခင်က Google ရဲ့ Developer Conference I/O ပွဲမှာ ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းက "အလုပ်ခေါ်တဲ့ ဌာနတွေအနေနဲ့အားလုံးနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်အောင် လုပ်နေကြပေမယ့် ကျွန်တော်တို့ရဲ့ Google for Jobs လို့ခေါ်တဲ့ ဝန်ဆောင်မှုသစ်နဲ့ဝန်ထမ်းနဲ့အလုပ်ရှင်အကြား ပိုမိုချိတ်ဆက်မိစေဖို့ဖြန့်ချိလိုက်ပါတယ်။ " လို့ဆိုပါတယ်။
အရင်နှစ် အမေရိကန်မှာ မိတ်ဆက်ပြီးနောက် ဒီ feature ဟာ ကနေဒါနဲ့အိန္ဒိယနိုင်ငံများ အပါအဝင် ၁၁ နိုင်ငံဆီ ရောက်နေပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဆီက သန်းနဲ့ချီတဲ့ အလုပ်အကိုင်တွေလည်း Google Jobs နဲ့ချိတ်ဆက်ထားတယ်လို့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
photo: TechAvenue
Google Jobs မှာ အိုင်တီနည်းပညာလုပ်ငန်းများ ၊ ထုတ်ကုန်နဲ့ဝန်ဆောင်မှု ဆိုင်ရာများ ၊ ဆက်သွယ်ရေးနဲ့သတင်းထုတ်ပြန်ရေးဆိုင်ရာများ ၊ ငွေကြေးနဲ့စီမံခန့်ခွဲမှုလုပ်ငန်းများ စသည်ဖြင့် အလုပ်အကိုင် မျိုးစုံ ထည့်သွင်းထားပါတယ်။