တကယ်ကို အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပါ။

သရုပ်ဆောင်သီဟတင်စိုးကို တရားစွဲဆိုထားတဲ့ အမှုက အမှုမှန်ပေါ်ပေါက်ခဲ့တာကြောင့် ကြက်ဖက သူလေးစားရတဲ့ အနုပညာ ရှင် အတွက် ဝမ်းသာနေပါတယ်။ လူတစ်ယောက်မှာ အသိဉာဏ်၊ ဗဟုသုတလေးကြွယ်ဝရင်တော့ ကိုယ့်ကိုယ်ကို လုံခြုံနိုင် မယ် လို့ တဲ့။ ကြက်ဖတို့ မိသားစုကလည်း ကောင်းတဲ့ အိမ်အကူတွေနဲ့ ကြုံတွေ့ခဲ့ရတာ မဟုတ်တဲ့ အကြောင်း ပြောပါ တယ်။

 

အမှုမှန်ပေါ်ပေါက်သွားပြီဖြစ်တဲ့ သရုပ်ဆောင်သီဟတင်စိုးအတွက် အဆိုတော်ကြက်ဖက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ကြက်ဖဟာ သရုပ်ဆောင်သီဟတင်စိုးက သူအတွက်တော့ လေးစားရတဲ့ သရုပ်ဆောင်တစ်ယောက်ပါလို့လည်း ပြောပြထားတာကို တွေ့ရပါတယ်။ ဒီအမှု မြန်မြန်ဆန်ဆန်ပေါ်ပေါက်သွးလို့လည်း ဝမ်းသာကြောင်း Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဝမ်းသာတာပေါ့ဗျာ၊ ဒါကို တရားဝင်ဖော်ထုတ်လိုက်နိုင်တယ်၊ အမှုမှန်ကလည်း ဒီလိုကျူးလွန်တာ မဟုတ်ဘူးဆိုတာကို အားလုံးသိ သွားအောင် မြန်မြန်ဆန်ဆန်ဖြစ်သွားတာကို ဝမ်းသာပါတယ်၊ ကျေနပ်ပါတယ်။ အစွယ်ရှိတဲ့ သတ္တဝါကို အစွယ်အကွာကနေရှောင်၊ ဂျိုရှိတဲ့ သတ္တဝါကို ဂျိုရဲ့ အကွာကနေလွတ်အောင်ရှောင် လို့ပဲ ပြောချင်ပါတယ်'' လို့ သူကဆိုပါတယ်။

လူလိမ်၊ လူကောက်တွေ များတဲ့ လောကကြီးထဲမှာ လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရတဲ့ ခံစားချက်နဲ့ မြန်မာနိုင်ငံမှာ ယောကျ်ားလေး တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ရတဲ့ ကြက်ဖရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' အဓိက ကတော့ မကောင်းမှုဆိုတာကတော့ ယောကျ်ားလေးမှ မဟုတ်ဘူး၊ မိန်းကလေးမှ မဟုတ်ဘူး ပုထုဇဉ်ကို  သူက အမြဲတမ်းချောင်း နေမှာပဲ။ မြန်မာပြည်မှာ ယောကျ်ားလေးဖြစ်မှရယ်၊ မိန်းကလေးဖြစ်မှရယ်လို့ မပြီးသေးဘူး။  သူတော်ကောင်းဖြစ်နေရုံနဲ့လည်း မပြီးသေးဘူး ပေါ့။ အသိဉာဏ် ဗဟုသုတလေးကြွယ်ဝမှ ကိုယ့်အတွက် စိတ်ချနိုင်မယ်လို့ ထင်ပါတယ်'' ဆိုုပြီးတော့ ကြက်ဖကပြောပါတယ်။

 

ကြက်ဖဟာ အိမ်အကူတွေထဲမှာ ကောင်းတဲ့သူ ၁ ယောက် ၂ ယောက်ပဲ တွေ့ခဲ့ဖူးတယ်လို့ ပြောပါတယ်။ အိမ်အကူတွေနဲ့ အိမ်ရှင်တွေနဲ့ မိသားစုလို နေထိုင်ကြတာကလည်း ရှားရှားပါးပါး တွေ့ဖူးတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် ကြက်ဖတို့ မိသားစု ကြုံခဲ့ဖူးတဲ့ အိမ်အကူ တွေ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အမေလည်းခေါ်ဖူးတယ် ကျွန်တော်တို့ ရွာမှာ စိန်ပိုက်ဆိုတဲ့ အလုပ်က အလုပ်သမားပေါင်း ၃၀ ၄၀ လောက်ရှိတယ်။သူတို့က စာလည်း မတတ်ဘူး လက်မှတ်ထိုးခိုင်းရင်လည်း ကြက် ခြေခတ်ပဲ ထိုးကြတာဆိုတော့ တကယ် တရားဥပဒေနဲ့ ရင်ဆိုင်တဲ့အခါ ဘာမှလုပ်လို့မရဘူး။ လိမ်တာကလည်း တစ်ယောက်တစ်မျိုးစီ လိမ်ကြ တာဆိုတော့ အမေကလည်း ဒါတွေကို ကြုံခဲ့ဖူးတယ်'' လို့ ဆိုပါတယ်။

ကြုံခဲ့သမျှ အိမ်အကူတွေကလည်း အဆင်ပြေတာမျိုး မရှိခဲ့ဖူးဘူးလို့ ကြက်ဖက ပြောပါတယ်။ တကယ်တော်တဲ့ အိမ်အကူတွေကလည်း တကယ်ကို ရှားပါတယ်တဲ့။ စာရိတ္တမကောင်းတာ၊ လိမ်လည်တတ်တဲ့ အိမ်အကူတွေရဲ့ အကြောင်းကတော့ သူ့အတွက် မထူးဆန်းတဲ့ အကြောင်းအရာ တစ်ခုလိုဖြစ်နေပြီလို့လည်း ပြောပြခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က