မြန်မာငွေ ၄ သိန်းအောက်တန် ဖုန်းပါ။

Xiaomi ရဲ့ phablet စီးရီး မျက်နှာပြင်အကြီးစား Mi Max 3 ကတော့ အရင်နှစ် Mi Max 2 ထက် အပြတ်သာတဲ့ specs တွေနဲ့ပွဲထွက်လာပြီ ဖြစ်ပါတယ်။

mi-max-3.jpg

photo: Cnet

 

တရားဝင် မိတ်ဆက်ချိန်မှာ Mi Max 3 အကြောင်း ကြားသမျှသတင်းတွေ အကုန်မှန်ခဲ့ပါတယ်။ မျက်နှာပြင် ၆.၉ လက်မ Full HD+ screen ဟာ စမတ်ဖုန်းလောကမှာ ရှားပါးလွန်းလှတဲ့ မျက်နှာပြင်ဆိုဒ်မျိုး ဖြစ်ပြီး 18:9 screen အချိုးကြောင့် လက်ထဲမှာ အရွယ်အစား ကြီးမှန်းမသိအောင် သွယ်ရှည်ရှည် ဖြစ်နေမှာပါ။ ဒီဇိုင်းနဲ့specs ကတော့ Mi Max 3 ဟာ notch မသုံးတဲ့ Redmi Note 5 စီးရီးနဲ့တစ်ပုံစံတည်းလို့ပြောနိုင်ပါတယ်။

Mi Max 3 ဟာ Redmi Note 5 Pro ကိုင်ဖူးသူတွေအတွက် မထူးခြားပေမယ့် Xiaomi ရဲ့ Mi Max series ထဲမှာတော့ အထူးခြားဆုံး ဖုန်းလို့ဆိုနိုင်ပါတယ်။ ပထမဆုံးအချက်ကတော့ မျက်နှာပြင်အကြီးဆုံး ဖုန်းဖြစ်ပေမ့် ၈ မီလီမီတာပဲ ထူလို့အတော်လေးကို အချိုးအစား ကျနနေမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကလည်း ဒီလောက်ကြီးတဲ့ Full HD+ screen အတွက် ဘက်ထရီပံ့ပိုးမှုကို 5500 mAh ဘက်ထရီနဲ့ပံ့ပိုးပေးလာတာပါ။ ဘက်ထရီကြီးသလို အားသွင်းမှုနှုန်းအနေနဲ့တစ်နာရီ အားသွင်းချိန်မှာ ၇၀% အားဝင်မယ့် Fast Charging ပါဝင်နေပါတယ်။ USB Type C ကနေ အားသွင်းနိုင်မှာ ဖြစ်တာကလည်း Mi Max 3 ရဲ့ အားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ်။

ဒီဖုန်းကို mid-range ဖုန်းလို့ပြောရမှာပါ။ သုံးထားတဲ့ processor ကလည်း Redmi Note 5 Pro မှာ သုံးသွားတဲ့  octa-core Snapdragon 636 SoC ဖြစ်ပြီး RAM 6GB/128GB storage onboard ပါလာတာကလည်း ချီးကျူးစရာကောင်းပါတယ်။ RAM/storage ကတော့ 4GB/64GB အနိမ့်မော်ဒယ်လည်း ပါလာတာ ဖြစ်လို့ကိုယ်ကြိုက်တဲ့ ဗားရှင်းကို ရွေးဝယ်လို့ရမှာပါ။

 

storage အနေနဲ့MicroSD card ကနေ 256GB အထိ ထပ်တိုးနိုင်အောင် ဖန်တီးပေးထားပါတယ်။ နောက်ထပ် Mi Max series တွေနဲ့ကွာတဲ့အချက် ကျောဘက်မှာ ထောင်လိုက် dual cameras နဲ့ထွက်လာတာပါ။

ကင်မရာနဲ့fingerprint scanner ထားတဲ့ ဒီဇိုင်းဟာ Redmi Note 5 Pro နဲ့ဆင်နေပါတယ်။ ကျောဘက်ကင်မရာစနစ်ဟာ dual pixel PDAF စနစ် ပံ့ပိုးပေးထားတဲ့ 12MP ကင်မရာနဲ့portrait ရိုက်ချက်တွေအတွက် 5MP အရန်ကင်မရာတွေ နဲ့ထွက်လာပါတယ်။ AI ပံ့ပိုးမှုပါဝင်တဲ့ ဒီကင်မရာတွေဟာ 4K video တွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်ပြီး ရှေ့ ဘက်မှာတော့ Face Unlock ပါတဲ့ 8MP ဆယ်လ်ဖီကင်မရာ ပါဝင်လာပါတယ်။ ကာလာအနေနဲ့အနက် ၊ ရှန်ပိန်ရွှေနဲ့အပြာ ကာလာ ၃ မျိုးနဲ့ထွက်ထားပါတယ်။

[No available link text] 

ဈေးကွက်မှာတော့ အနိမ့်မော်ဒယ်ဖြစ်တဲ့ RAM 4GB ဗားရှင်းကို ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) နဲ့အမြင့် RAM 6GB ဗာရှင်းအတွက် ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ဈေးနဲ့တရုတ်ဈေးကွက်မှာ ရောင်းချသွားတော့မှာပါ။ အပြင်ဈေးကွက်မှာ ရောင်းချမယ့် ရက်တော့ မသိရသေးပါဘူး။

 

Share

Loading Next Article...
က္က