ဆေးတက္ကသိုလ်ပြီးဆုံးအောင် မတတ်ခဲ့ဘူး။

ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ အဆိုတော်ကြက်ဖက အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် ဆရာဝန် တစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေးကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ အခုချိန် ကျန်းမာရေးပြန် ဂရုစိုက်လာတဲ့ အချိန်မှာတော့ အခွင့်အရေးရရဲ့ သားနဲ့ မသင်လိုက်ရတဲ့ အရာလို့ တွေးဖြစ်တယ်လို့ ကြက်ဖကပြောပါတယ်။

 

အဆိုတော်ကြက်ဖက အနုပညာရှင်တစ်ယောက်မဖြစ်ခင်ကတည်းက ဆေးတက္ကသိုလ်တက်နေတဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ စာမကျက်ချင်တာရော၊ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဝါသနာမပါခဲ့တဲ့အတွက်ကြောင့်  ဆေးကျောင်းသားအဖြစ်ကို စွန့်လွှတ် လိုက်တယ်လို့ ကြက်ဖက ပြောပါတယ်။

'' အဲ့ဒီတုန်းကတော့ မနှမြောဘူး။ စာကျက်ရတာလည်း မကျက်ချင်တော့ဘူးအမှန်အတိုင်းပြောရရင် ဝါသနာမပါဘူး။ အနုပညာမှာလည်း တော်တော်လေး အရှိန်ရလာပြီ ဝါသနာကလည်းပါတဲ့ အတွက် ယှဉ်လိုက်တဲ့ အချိန်မှာတာဝန်ဝတ္တရားအရကြီး ကျောင်းသွားတက်နေရတာ ဒါပေမယ့် အခုချိန် ပြန်တွေးကြည့်လိုက်တော့ တန်ဖိုးရှိတဲ့ ပညာရပ်တစ်ခုမှန်းနားလည်တယ်'' လို့ သူကဆိုပါတယ်။ 

 

ကြက်ဖဟာ အခုချိန်မှာ အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ အနုပညာအလုပ်လုပ်ရင်း ကိုယ့်ကျန်းမာရေး လည်း ကိုယ်ပြန်ဂရုစိုက်နေချိန်မှာတော့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ဆုံးခန်းတိုင်အောင် မသင်လိုက်ရတဲ့ ပညာ အတွက် နောင်တရနေပုံပါပဲ။

''အခုကျွန်တော် ကျန်းမာရေးပြန်လိုက်စားနေတဲ့အချိန်မှာ အခွင့်အရေးရရဲ့သားနဲ့ မသင်လိုက်ရတဲ့ပညာရပ်ပါလားပေါ့။ တော်သေးတယ် ကျွန်တော်တို့ Project 1 ထဲက ချစ်စိုးကို တစ်ခုခုဆို လှမ်းမေးရတာ ဆေးတွေ ပြောပြစာလုံးတွေ ပြောပြ ကျွန်တော့်မှာလိုက်မှတ်ရတာ တော်သေးတာပါ'' လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ကြက်ဖ ဖြေဆိုခဲ့တာပါ။

အမှုမှန်ပေါ်ပေါက်သွားတဲ့ သီဟတင်စိုးအတွက် ဝမ်းသာနေတဲ့ ကြက်ဖ 

အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့ ကြက်ဖဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါ တယ်။ အဲ့ဒီနောက် ပရိသတ်အတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း ကြက်ဖကိုယ်တိုင်ပဲ ရေးပေးခဲ့တာပါ။

 

ကြက်ဖဟာ ဇာတ်ဝင်တေးသီချင်းတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မရေးဖူးသေးဘူးလို့ ဆိုပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်းပုံစံ၊ ကိုယ်ကြိုက်တဲ့ အကြောင်းအရာလေးတွေပဲ ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ငဒူရုပ်ရှင်ဇာတ်ကားအတွက် ပထမဆုံးအဖြစ် ဇာတ်ဝင်တေး သီချင်း ရေးပေး ဖြစ်ခဲ့တာပါတဲ့။

 

Share

Loading Next Article...
က္က