တွေ့ရှိချက်အသစ်ဖြစ်ပြီး သီအိုရီအသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင်းဆုံး မြွေကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို သိပ္ပံပညာရှင်များက မြန်မာနိုင်ငံတွင်တွေ့ရှိခဲ့ပြီး Xiaophis myanmarensis လို့သိပ္ပံပညာရှင်တွေက အမည်ပေးထားတဲ့ တွေ့ရှိချက်အသစ်တစ်ခုဖြစ်ပါတယ်။



01_snake_amber.adapt.1900.1.jpg



အဆိုပါ မြွေကျောက်ဖြစ်ရုပ်ကျွင်းဟာ လွန်ခဲ့တဲ့ နှစ် ၉၉ သန်းလောက်ကဖြစ်ပြီး ဒိုင်နိုစောခေတ်မတိုင်မီမှာ အသက်ရှင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။



အဲ့ဒီမြွေကျောက်ဖြစ်ရုပ်ကြွင်းကို ပယင်ကျောက်ထဲမှာတွေ့ရတာဖြစ်ပြီး ဒီရုပ်ကြွင်းတွေ့ရှိမှုကြောင့် သိပ္ပံပညာရှင်တွေဟာ အရင်က သိထားတာနဲ့ ကွဲပြားမှုတချို့ဖြစ်နေတာကြောင့် မမျှော်လင့်တဲ့တွေ့ရှိချက်တစ်ခုဖြစ်တယ်လို့ အမေရိကန်သိပ္ပံတိုးတက်ရေး မဂ္ဂဇင်းတစ်စောင်က ဖော်ပြပါတယ်။

(Photo: Yi LIU)





အဲ့ဒီလေတ်ကာလမှာ မြွေတွေဟာ ရေအောက်ထဲမှာပဲနေတယ်ဆိုတဲ့ တွေ့ရှိချက်ကိုပဲ ကနဦးတွေ့ရှိထားတာဖြစ်ပါတယ်။ဒီတွေ့ရှိချက်ဟာ ဒီမြွေလေးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကိုတင်ရတာမဟုတ်ဘဲ အဲ့ဒီကာလက ဒီမြွေလေးဟာ သစ်တောထဲမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား ကိုပါရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။



ဒီတွေ့ရှိချက်ကို တရုတ်နိုင်ငံ ဘေဂျင်းမှာရှိတဲ့ ပထဝီသိပ္ပံ ဌာနရဲ့ သမိုင်းမတင်မီခေတ်က သတ္တဝါတွေရဲ့ဆင့်ကဲပြောင်းလဲလာပုံကို လေ့လာတဲ့ သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က