သံသယရှိတဲ့ မူးယစ်မှောင်ခိုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ယာဘဆေးပြား ၈.၄ သန်း၊ အိုက်စ်မူးယစ်ဆေး ၁၂၁ ကီလိုဂရမ်နဲ့ ကတ်တမင်း ၂၅ ကီလိုဂရမ်တို့ကို သံသယရှိသူ ထိုင်းမူးယစ်ဆေးဝါး မှောင်ခိုသမားနှစ်ဦးထံမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

Photo: SNN





ရဲတပ်ဖွဲ့က ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စီးနင်းရှာဖွေမှုအတွင်း အဆိုပါ မူးယစ်ဆေးဝါး အမျာအပြားကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူ ထိုင်းအမျိုးသားနှစ်ဦးကို Samut Prakan ခရိုင်အတွင်း ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးမှာ လျှို့ဝှက်စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တွေက ကနဦး ဖမ်းဆီးခဲ့ပါတယ်။

"ရဲတပ်ဖွဲ့က သူတို့နှစ်ယောက်ကို ဖမ်းဆီးခဲ့ရာမှာလည်း သူတို့ကားထဲမှာ ယာဘဆေးပြား ၃.၇ သန်းနဲ့ အိုက်စ် ၅၈ ကီလိုဂရမ်ကို သိမ်းဆည်းမိခဲ့ပါတယ်၊ သူတို့ကို ဖမ်းဆီးပြီးတော့ စစ်ဆေးမှုတွေအရ ဘန်ကောက်မြို့ Wnagthonglang ဒေသမှာရှိတဲ့ နေအိမ်တစ်လုံးကို သူတို့က လိုက်ပြခဲ့ပါတယ်၊ အဲဒီမှာ နောက်ထပ် မူးယစ်ဆေးဝါးတွေကို ထပ်မံ သိမ်ဆည်းရမိခဲ့ပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Chalermkiat Sriworkhan က ပြောပါတယ်။

Photo: Bernama



ပြီးခဲ့တဲ့လအတွင်း အသက် ၁၇ နှစ်အရွယ် လူတစ်ဦးကို ၎င်းရဲ့ ဘန်ကောက်မြို့ရှိ တိုက်ခန်းမှာ ထိုင်းဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၂.၉၉ သန်း) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများ သိုလှောင်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ယမန်နေ့ စီးနင်းရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ယခု သိမ်းဆည်းရမိခဲ့တဲ့ ပမာဏအလွန်များတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုကို နောက်ကွယ်မှ အမှန်တစ်ကယ် စီစဉ်လုပ်ဆောင်နေသူကို ဆက်လက် စုံစမ်းရှာဖွေနေဆဲ ဖြစ်တယ်လို့ Chalermkiat က ပြောခဲ့ပါတယ်။

Chalermkiat က ယခု သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း 'ဝ'ဒေသမှဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့ပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ ပြောကြားရန်ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ယခု ဖမ်းဆီးခဲ့တဲ့ သံသယရှိသူနှစ်ဦးကို ဇွန်လကတည်းက နောက်ယောင်ခံ လိုက်နေခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့နှစ်ဦးဟာ မူးယစ်ဆေးဝါးတွေကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ပေးနေသူတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိသူနှစ်ဦးထံမှ မော်တော်ယာဉ်ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က