ဇနီးကို ဘယ်လိုတွေတောင် ချစ်လဲ။

ပိုင်ဇေရဲထွန်းက ဇနီးသည်ဟာ သူ့အတွက် လှသည်ဖြစ်စေ မလှသည်ဖြစ်စေ သူ့ရဲ့ တစ်ယောက်တည်းသော ဇနီးက သူမပါပဲတဲ့။ အခုချိန်မှာ သူ့ကို ကလေး(၄) ယောက်အဖေလို့ စကြတာကိုလည်း ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်လို့ ဆိုပါတယ်။

Photo : ပိုင်ဇေရဲထွန်း FB

 

ရုပ်ရည်ချောမောလှပပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ဇနီးသည်လေးကို ချီးမွန်းခန်းဖွင့်ထားပါတယ်။ ဇနီးသည်ဟာ သူမရဲ့ ဘဝတစ်လျှောက်လုံး အရာရာဟာ ယောကျ်ားနဲ့ ကလေး(၃) ယောက်အတွက် ဖြစ်နေတာကြောင့် သိပ်ကို ကျေးဇူးတင် တယ်လို့ ပိုင်ဇေရဲထွန်းက ပြောထားပါတယ်။

Photo : ပိုင်ဇေရဲထွန်း FB

 

"ကျွန်တော်နဲ့ စတွေ့တော့ ပေါင် ၁၀၀တောင်မပြည့်တဲ့ ဖြူဖတ်ဖြူရော်လေး။ အိမ်ထောင်ကျ ကလေးလည်း ရကော ပေါင် ၁၅၀ လောက်ရှိတဲ့ ဖက်တီးမလေးဖြစ်လာရော။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက်မွေးလာလိုက်တာ ဖက်တီးမလေးကနေ ဖက်တီးမကြီးကို ဖြစ်လို့ပေ့ါ။ သူပဲ ကျွန်တော့်ကလေးလေးလေးတွေကို မွေးပေးဖို့ သူအချိန်တွေ အလှတွေ စိတ်တွေ နာကျင်မှုတွေ အများကြီးရင်းနှီး ခဲ့ရတယ်။သိပ်ကျေးဇူး တင်တယ် မိန်းမ ဘဝတစ်လျှောက်လုံးမင်းရဲ့အရာရာက ယောင်္ကျားနဲ့ကလေး(၃)ယောက်အတွက်ဖြစ်နေလို" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုင်ဇေရဲထွန်း FB

အိမ်ထောင်သက် (၁၃)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ သူတို့နှစ်ဦး 

ပိုင်ဇေရဲထွန်း အတွက်ကတော့ ဇနီးသည်ဟာ ဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ သူမလှသည်ဖြစ်စေ မလှသည်ဖြစ်စေ သူ့ရဲ့ တစ်ယောက် တည်းသော ဇနီးက သူမပါပဲလို့ ဆိုပါတယ်။ အခုချိန်မှာ သူ့ကို ကလေး(၄) ယောက်အဖေလို့ စကြာတာကိုလည်း ကျေကျေနပ်နပ်ကြီး လက်ခံတယ်လို့ ပြောထားပါသေးတယ။်

ရုပ်ရည်ချောမောလှပပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးတို့က ဒီနေ့(မေလ၂၅ရက်)မှာ အိမ်ထောင်သက်တမ်း (၁၃)နှစ်တိုင်ခဲ့ပါပြီ။ ပိုင်ဇေရဲထွန်း အသက်(၂၈)နှစ် နဲ့ ဇနီးဖြစ်သူက အသက်(၁၈)နှစ်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ရင်သွေးလေး သုံးယောက်နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ပါပြီ။

Photo : ပိုင်ဇေရဲထွန်း FB

 

ပိုင်ဇေရဲထွန်းဟာ အနုပညာလောကမှာ (၁၀)စုနှစ်ကျော် အောင်မြင်မှု ရရှိခဲ့တဲ့  သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ချောမောပြီး သရုပ်ဆောင်ကောင်းမှုကြောင့် ပရိသတ်အခိုင်အမာရရှိခဲ့သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းအ နုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့်လည်း ချစ်ဖို့ကောင်းတဲ့ သူတို့ရဲ့ မိသားစုလေးကို ပရိသတ်တွေက အားပေးဆဲပါ။

ပိုင်ဇေရဲထွန်းဟာ အနုပညာကို ဝါသနာပါသူ တစ်ဦးဖြစ်ရုံတင်မက ဘောလုံးကစားခြင်း တိုက်ကွန်ဒို ကစားခြင်းတို့ကို ဝါသနာပါ သူလည်း ဖြစ်ပါတယ်။ အနုပညာရှင်ဖြစ်တဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇနီး ဇင်သဲနိုင်တို့မှာ သမီးလေး ငြိမ်းခင်ခင်ပိုင်၊ သားလေး ဇေဘုန်းပိုင်၊ သားငယ် စစ်ဘုန်းပိုင်တို့ဆိုတဲ့ သားသမီးလေးတွေကို  ပိုင်ဆိုင်ထားပါတယ်။

Share

Loading Next Article...
က္က