သူအရမ်းကြိုက်ရတဲ့ အဆိုတော် တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားကြည့်ရလို့ ဥက္ကာမင်းမောင်တစ်ယောက် အပျော်ကြီး ပျော်လို့နေ ပါတယ်။ ကမ္ဘာ ကျော် အဆိုတော် တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားကြည့်ခဲ့တဲ့ အချိန်လေးတွေဟာ သူ့ဘဝရဲ့ အမှတ်တရတွေ များစွာထဲက အမှတ်ရစရာ တစ်ခုဖြစ်လို့နေမှာ အမှန်ပါပဲ။
Photo : ဥက္ကာမင်းမောင် FB
သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ဇူလိုင် (၂၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တေလာဆွစ်ရဲ့ Taylor Swift's reputation Stadium Tour ပွဲကို သွားရောက်အားပေးခဲ့တာပါ။ သူအရမ်းကြိုက်တဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားကြည့်ခဲ့ရ တဲ့အတွက် ဥက္ကာမင်းမောင်တစ်ယောက် တော်တော်ကို ပျော်နေတာ တွေ့ရပါတယ်။
ပရိသတ်တွေကလည်း ဒီလို ကမ္ဘာကျော် အဆိုတော် တစ်ယောက ်ဖြစ်တဲ့ တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားကြည့်ခွင့်ရတဲ့ သူ့အတွက် ဂုဏ်ယူနေ သလို သူလိုမျိုး သွားကြည့်ချင်တယ်ဆိုပြီး ကောမန့်မှာ ပြောထားတာ တွေ့ရပါတယ်။
Photo : ဥက္ကာမင်းမောင် FB
ဖခင်အတွက်ရည်စူးပြီး အလှူလုပ်နေတဲ့ ဥက္ကာမင်းမောင်
ညီမလေး၊ သူငယ်ချင်းတွေနဲ့အတူ ရှိုးပွဲမှာ ပျော်နေတဲ့ ပုံလေးတွေကိုလည်း ဥက္ကာမင်းမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင် (၂၅) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ ကမ္ဘာကျော် အဆိုတော် တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားကြည့်ခဲ့တဲ့ အချိန်လေးတွေဟာ သူ့ဘဝအတွက် အမှတ်တရတွေ များစွာထဲက အမှတ်ရစရာ တစ်ခုဖြစ်လို့နေမှာ အမှန်ပါပဲ။
Photo : ဥက္ကာမင်းမောင် FB
Reputation Stadium Tour က တေလာဆွစ်ရဲ့ ငါးကြိမ်မြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေကို မေလ(၈) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ က California ပြည်နယ်၊ Glandale မြို့မှာ စတင်ခဲ့ပြီး နိုဝင်ဘာ (၂၁) ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
စုစုပေါင်း ၅၃ ပွဲ ဖျော်ဖြေမယ့် တေလာရဲ့ ကမ္ဘာလှည့်ရှိုးပွဲတွေမှာ Charli XCX နဲ့ Camila Cabello တို့လည်း ပါဝင်အားဖြည့်ထားတယ်လို့ သိရပါတယ်။
Photo : ဥက္ကာမင်းမောင် FB
ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။``