ပထွေးဖြစ်သူက ၈ နှစ်နီးပါး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

မယားပါသမီး အသက်၁၄ နှစ်အရွယ်လောက်ကစပြီး ၈ နှစ်နီးပါးအလိုမတူဘဲ အဓမ္မ အကြိမ်ကြိမ်ပြုကျင့်ခဲ့တဲ့ ပထွေး ဖြစ်သူကို ဖမ်းဆီးအရေးယူထားတယ်လို့ မြောင်းမြမြို့နယ်ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

37005663_1692745900780132_4161184858640482304_n.jpg 

“သူ့အမေကိုယ်တိုင် လာတိုင်ထားပါတယ်။ လောလောဆယ်တော့ တရားခံ၊ လာတိုင်တဲ့သူ့အမေရယ်နဲ့ ကလေးမလေးကို စစ်ဆေးနေပါတယ်။ တရားခံကိုတော့ ပုဒ်မ ၃၇၆ နဲ့ ၃၁၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးထားပါတယ်။” လို့ မြောင်းမြမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ဓူဝံမီဒီယာကို ပြောပါတယ်။

ဖြစ်စဉ်မှာ မြောင်းမြမြို့နယ် ဆင်ကူးကျေးရွာမှာ နေထိုင်တဲ့ အလယ်တန်းပြ ဆရာမတစ်ဦးက လွန်ခဲ့တဲ့နှစ် ၂၀က အိမ်ထောင်ကွဲခဲ့ပြီးနောက် အသက် ၄၂ နှစ်အရွယ်၈ တန်းအောင် အထွေထွေလုပ်သား ဇော်ဌေးနဲ့ ထပ်မံအိမ်ထောင်ပြုခဲ့ပါတယ်။

ဇော်ဌေးနဲ့ အိမ်ထောင်ပြုစဉ် မိခင်ဖြစ်သူမှာ မှာပထမအိမ်ထောင်နှင့်ရခဲ့တဲ့ ၁ နှစ်အရွယ်သမီးတစ်ဦးရှိခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ ဦးဇော်ဌေးနဲ့ သမီးတစ်ယောက်ထပ်ပြီးမွေးခဲ့ပါတယ်။

ပထမအိမ်ထောင်နှင့်ရခဲ့တဲ့ သမီးဖြစ်သူ အသက်၁၄ နှစ်အရွယ် ၈ တန်း တက်တဲ့ ၂၀၁၀ ခုနှစ် ၁၀လပိုင်းမှာစီးပွားရေးအဆင်မပြေတာကြောင့်ကျောင်းထုတ်ခဲ့ပြီး ဒီဇင်ဘာလမှာ မိခင်ဖြစ်သူ ဖောင်ကြီးသင်တန်းသို့တစ်လခွဲတက်ရောက်နေ့စဉ် နေအိမ်မှာ ဇော်ဌေး၊ မယားပါးသမီး နဲ့ သမီးငယ်မတို့သာကျန်ခဲ့ပါတယ်။ မိခင်ဖြစ်သူ သင်တန်းကပြန်လာတဲ့အခါမှာတော့ မယားပါသမီးဖြစ်သူက သူ့ကို ဇော်ဌေးကနေ အလိုမတူဘဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့်ခဲတယ်လို့ မိခင်ဖြစ်သူကို တိုင်ကြားခဲ့ပါတယ်။

ဇော်ဌေးက အခြားသူတွေကိုပြောရင် သူနဲ့ သမီးကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တဲ့အပြင် သမီးဖြစ်သူကို တစ်ရှက်မှ နှစ်ရှက်ဖြစ်မည်ကိုစိုးရိမ်တာကြောင့် ဘယ်သူ့ကိုမှပြောပြခဲ့ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ မယားပါသမီး ကို ၈ တန်းပြန်တက်ခိုင်းခဲ့ရာ၂၀၁၃ သြဂုတ်လမှာ မယားပါသမီးဖြစ်သူ ကိုယ်ဝန်ရရှိခဲ့လို့ ဇော်ဌေးကနေ ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးတွေတိုက်ခဲ့ပြီး သမီးဖြစ်သူမှာ မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲလွန်းပြီး မြောင်းမြဆေးရုံသို့တက်ရောက်ကာသားအိမ်ခြစ်ခဲ့ရတယ်လို့ ရဲမှတ်တမ်းကသိရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာလည်း ကိုယ်ဝန်ပျက်ကျပြီးတစ်လခွဲအကြာမှာအဓမ္မ ထပ်မံပြုကျင့်ဆက်ဆံခဲ့ကြောင်း၊ ၂၀၁၅ မတ်လမှာလည်း (၁၀)တန်းစာမေးပွဲဖြေဆိုနေချိန်ကျောင်း ၄ ရက်ပိတ်တဲ့ရက်တွေမှာ ဇော်ဌေးက သမီးဖြစ်သူကို ဆက်ဆံလိုတာကြောင့် ပြန်ခေါ်လာပေးဖို့ ပြောတာကြောင့် ဇနီးဖြစ်သူမှာ ကြောက်လန့်ပြီးသမီးကို နေအိမ်သို့ပြန်ခေါ်လာပေးခဲ့ရပြီး အဓမ္မ ထပ်မံကျင့်ခဲ့ကြောင်း သိရပါတယ်။

၁၀ တန်းစာမေးပွဲပြီးချိန်မှာလည်းသမီးကိုရန်ကုန်မြို့က အမျိုးအိမ်ကိုပို့ဆောင်ထားပေမယ့် ဇော်ဌေးမှာမယားပါ သမီးကို ပြန်ခေါ်ပေးဖို့ ပြောဆိုပြီး ၊မခေါ်ပေးပါက သူကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာကြောင့်သမီးကို ပြန်ခေါ်ပေးခဲ့ရပြီး ထပ်မံဆက်ဆံခဲ့ကြောင်းသိရပါတယ်။

အဲ့ဒီနောက် သမီးဖြစ်သူ ပညာရေးဆက်လက်သင်ကြားခြင်းဆက်လုပ်နိုင်ပြီး အဲ့ဒီအဖြစ်ကနေ လွတ်မြောက်ဖို့ (၈)နှစ်နီးပါးအလိုမတူဘဲ အဓမ္မ အကြိမ်ကြိမ်ပြုကျင့်ခဲ့သူဇော်ဌေးကိုအရေးယူပေးဖို့ လာရောက်တိုင်တန်းခဲ့တာကြောင့် (ပ)၁၀၆၇/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၇၆အရ အရေးယူထားတယ်လို့သိရပါတယ်။

 

Share

Loading Next Article...
က္က