ညီထွဋ်ခေါင်နဲ့ ကျော်ကျော်တို့ကလည်း မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်။

ဆုမြတ်နိုးဦးရဲ့ မွေးနေ့အကြိုအလှူကို ဒီနေ့မနက်မှာပဲ သန်လျင်မြို့နယ်မှာရှိတဲ့ ဆုတောင်းပြည့် လူငယ် ဖွံ့ဖြိုးရေးကျောင်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီအလှူမှာ သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ သရုပ်ဆောင် ကျော်ကျော်တို့ကလည်း ပါဝင်ကူညီခဲ့ကြပြီး ဆုမြတ်နိုးဦးအတွက် ရင်ထဲမှာ အမှတ်တရဖြစ်စေမယ့် မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။

ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့နဲ့အလှူလုပ်မယ်ဆိုတဲ့ ညီထွဋ်ခေါင်  

သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မွေးနေ့အကြို အလှူအဖြစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက သန်လျင်မြို့နယ်မှာရှိတဲ့ ဆုတောင်းပြည့် လူငယ် ဖွံ့ဖြိုးရေးကျောင်း မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူမှာတော့ အနုပညာမောင်နှမတွေဖြစ်တဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင် တို့နဲ့ အတူ We Love Su Myat Noe Oo အဖွဲ့ က လာရောက်ကူညီခဲ့ကြပြီး မွေးနေ့ ဆုတောင်းစကားတွေလည်း Duwun Media ကနေတဆင့် ပြောပြခဲ့ကြပါတယ်။

'' ညီမလေးအရင်းတစ်ယောက်လို ချစ်ရတဲ့ ညီမလေး ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီး၊ ဘဝတွေမှာ၊ အနုပညာအလုပ်တွေမှာလည်း ဒီ့ထက် မြင့်မားတဲ့ သရုပ်ဆောင်မှုတွေနဲ့ အကယ်ဒမီဆုတွေ ဆွတ်ခူးနိုင်ပါစေ။ ဘဝခရီးဆိုရင်လည်း ချစ်သူ၊ ခင်သူတွေ ပေါများပြီး ဒီ့ထက်မက လှူနိုင်တန်းနိုင်ပါစေ'' လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။

 

သရုပ်ဆောင် ကျော်ကျော်ကလည်း မကြာခင် အသက် ၂၇ နှစ်ပြည့်တော့မယ့် မွေးနေ့ရှင်ဖြစ်တဲ့ ဆုမြတ်နိုးဦးအတွက် မွေးနေ့ ဆုတောင်း စကားဆိုရင်း စနောက်ခဲ့ပါသေးတယ်။

'' လူတိုင်းလူတိုင်းမှာ မွေးနေ့ဆိုတာ ရှိပါတယ်၊ ဒီနေ့ လိုမွေးနေ့အလှူမျိုး  နှစ်တိုင်း နှစ်တိုင်းမှာ စိတ်တိုင်းကျ လှူဒါန်းနိုင်ပါစေ။ အကယ်ဒမီ ရတဲ့ အောင်မြင်တဲ့ မင်းသမီးလေး တစ်လက် အဖြစ်လည်း နှစ်ပေါင်းများစွာ ရပ်တည်နိုင်ပါစေလို့ ကိုကျော်က ဆုတောင်းပေးတယ်၊ အိုက်တင် တွေလည်း ပိုကောင်းလာပါပြီ'' လို့ ကျော်ကျော်က ပြောပါတယ်။

 

အနုပညာအစ်ကို နှစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ သရုပ်ဆောင် ကျော်ကျော်တို့ က မွေးနေ့ ဆုတောင်းပေးတဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆုမြတ်နိုးဦးက ပြောပါတယ်။ ဒီနေ့ ပြုလုပ်လိုက်တဲ့ မွေးနေ့အကြိုအလှူလေးကလည်း ပျော်စရာကောင်းသလို အမှတ်တရတွေလည်း ဖြစ်တဲ့အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

'' ပီတိကတော့ တကယ်ပျော်ပါတယ်၊ တကယ့်ကို မှတ်မှတ်ရရလည်းဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျ ဟင်းထည့်ပေးရတာကအစ၊ အသားဟင်း တွေနဲ့လည်းကျွေးရတယ်၊ ရေခဲမုန့်တွေလည်း ကျွေးရတယ်ပေါ့။ ပြီးတော့ သူတို့ ( ကျော်ကျော်၊ ညီထွဋ်ခေါင်) မျောက်မူးလဲတွေနဲ့လည်း အလှူ အတူတူ လုပ်ရတာဆိုတော့ တကယ်ကို ပျော်ပါတယ်'' လို့ ဆုမြတ်နိုးဦးကပြောပါတယ်။

 

သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မွေးနေ့က ဇူလိုင်လ ၃၀ ရက်နေ့ဆိုရင် အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ We Love ပရိသတ်တွေနဲ့ အတူ ဘုရားသွားမယ်၊ အလှူအတန်း တစ်ခုခု ထပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဆုမြတ်နိုးဦးဟာ ဗီဒီယို ဇာတ်ကား တွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိလာတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က