သီချင်းတစ်ချိန်လုံး ဆိုနေလို့ အခွေထုတ်ပေးလိုက်တာပါတဲ့။

အဆိုတော် သားစိုးက သူ့ရဲ့အနုပညာအမွေကို ဆက်ခံဖို့ အသင့်ဖြစ်တဲ့ သားရဲ့ဝါသနာကို ပံ့ပိုးဖို့ စိတ်အားထက်သန်လို့နေပါတယ်။ သူတို့ရဲ့အနုပညာမျိုးဆက်မှာ မျိုးဆက်သစ်တွေက အနုပညာဝါသနာပါတာက မျိုးရိုးဂုဏ်ထိန်းရာလည်း ရောက်တဲ့အတွက် သားစိုးက ဂုဏ်ယူနေတာပါ။

ထက်အာကာစိုးရဲ့ ၆ နှစ်ပြည့် မွေးနေ့ပွဲ

 

အဆိုတော် သားစိုးက သီချင်းဆိုဝါသနာပါလွန်းတဲ့ သားကို သီချင်းခွေထုတ်ဖို့ စီစဉ်နေတဲ့အကြောင်းကို Duwun Media ကို ပြောပြခဲ့ပါတယ်။

"သားသားက ရှိပြီးသားသီချင်းတွေဆိုရင် သူ့ဘာသာသူ ပြောင်းဆိုတယ်။ သူ့အတွက် စီစဉ်နေပါတယ်။ သူ အယ်လ်ဘမ်ထွက်မှာပါ။ သီချင်းနှစ်ပုဒ်ပြီးသွားပါပြီ။ ပန်းသီးက တစ်ကိုယ်တော်အခွေထွက်မှာပါ။ သီချင်းက တစ်ချိန်လုံး ဆိုနေတာ။ အဲဒါကြောင့် သူ့အတွက် အခွေထုတ်ပေးလိုက်တာပါ" လို့ သားစိုးက ရယ်မောရင်း သားအကြောင်းကို ဂုဏ်ယူစွာပြောပါတယ်။

ပန်းသီးလို့ ချစ်စနိုးခေါ်တဲ့ ထက်အာကာစိုးက စန္ဒရားလည်း တီးတတ်နေတဲ့အပြင် ကိုယ်ပိုင်တီးလုံးတွေ ထွင်ဖို့ ဝါသနာပါသူပါ။ အဆိုအတီးအပြင် သရုပ်ဆောင်လည်း ဝါသနာပါသေးကြောင်း သားစိုးက ဆိုပါတယ်။

 

"သူကတော့ အဆိုတော် ရုပ်ရှင်မင်းသားလုပ်မယ်ပဲ ပြောတာပဲ။ လောလောဆယ်ကတော့ အခွေထွက်ဖို့က ကျိန်းသေသွားပါပြီ" လို့ သားစိုးက ပြောပါတယ်။

သူ့သား အခုလို အခွေထုတ်နိုင်တာက ရှေ့မှာ အနုပညာမျိုးရိုးရှိနေလို့ ဖြစ်ကြောင်း သားစိုးက ပွင့်လင်းစွာ ပြောပါတယ်။ အနုပညာပါရမီနဲ့ ဝါသနာက ဘိုးဘေးတွေကတည်းက ရှိခဲ့တာပါ။  ဒီအကြောင်းတွေကို ဇူလိုင်လ ၁၇ ရက်နေ့က သရုပ်ဆောင် ကောင်းခန့်ရဲ့သမီးလေး ကြာဖြူကောင်းခန့်ရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို တက်ရောက်လာရင်း သားစိုးက ပြောပြခဲ့တာဖြစ်ပါတယ်။

ထက်အာကာစိုးရဲ့မွေးနေ့ပွဲမှာ အတူတွေ့ရတဲ့ ထက်အာကာစိုးနဲ့ ဇော်ပိုင်ရဲ့သား ရွှေပိုင်

 

"ကျွန်တော့်ရှေ့မှာ ဆရာကြီးမောင်စွမ်းရည်ဆိုတာ ကျွန်တော့်ဦးလေးပေါ့နော်။ ရှေးခေတ်တုန်းကဆိုလည်း နန်းတွင်းကဗျာစာဆိုစသဖြင့် မျိုးဆက်တွေရှိလာတာ။ မျိုးဆက်ဂုဏ်ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေဆိုလည်း မြေမှုံလွင်က စာရေးဆရာ အခု Book Plaza ဖွင့်ထားတဲ့သူ၊ ဘုံဘုံဆိုလည်း သီချင်းတွေဆိုတယ် စသည်ဖြင့်ပေါ့နော်။ ကျွန်တော်တို့ အနုပညာမျိုးဆက်ဆိုတော့ မျိုးဆက်သစ်လေးတွေက ဒီဟာကို စိတ်ဝင်စားတဲ့အတွက် ပျော်ပါတယ်" တဲ့။

သားစိုးရဲ့သားလေး ထက်အာကာစိုး (ခေါ်) ပန်းသီးက ၂၀၁၈ ဇူလိုင်လ ၄ ရက်နေ့ကမှ ၆ နှစ် ပြည့်ခဲ့တာပါ။ အရမ်းသွက်ပြီး ချစ်စရာကောင်းလွန်းတဲ့ ပန်းသီးလေးကို ပရိသတ်တွေကလည်း ချစ်နေကြပြီ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က