ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားများနေရာက ရုပ်ပုံကိုလည်း မီးတွေအမှောင်ချထားလိုက်ပါပြီ။

ကနေဒါနိုင်ငံ၊ Winnipeg လူ့အခွင့်အရေးပြတိုက်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားတော့မယ်လို့ ပြတိုက်တာဝန်ရှိသူတစ်ယောက်ရဲ့ပြောဆိုချက်ကိုကနေဒါမီဒီယာတွေကဖော်ပြပါတယ်။

Photo - TimminsToday.com





အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ မညီမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ်သူများနဲ့ မှတ်တိုင်များဆိုပြီး နှစ်ကာလအလိုက် ဖော်ပြထားတဲ့ ပြကွက်ကနေ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ဖယ်ရှားမယ်လို့ ကနေဒါသတင်းစာတွေကဖော်ပြပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် အသိအမှတ်ပြုချီးမြှင့်ထားတာဖြစ်ပါတယ်။

Photo - latestcanada.com



အဲ့ဒီ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားတွေရဲ့ ဓာတ်ပုံပြခန်းမှာ တခြားလူတွေနဲ့အတူ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံကြီးကို ထိုးထားတဲ့မီးတွေကိုလည်း မှိန်ချထားလိုက်ပါပြီ။



ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စတွေရဲ့နောက်ပိုင်းမှာတော့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ထားတာကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

Share

Loading Next Article...
က္က