ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၃၀၀ လောက်ဖွင့်ထားရဆဲပါ။

မြန်မာနိုင်ငံမှာ ၂၀၁၈ ဇူလလောက်ကစပြီး ဖြစ်ခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ခုချိန်ထိ စုစုပေါင်း လူ ၁၂ သေဆုံးခဲ့ပြီး လူပေါင် ၁၃၂၀၀၀ ကျော်ကို ကယ်ဆယ်လိုက်ရတယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ပါတယ်။

Photo - Myanmar Fire Service Department





ရေဘေးကြောင့် သေဆုံးခဲ့ရမှုတွေကတော့ နေပြည်တော်မှာ ၁ ဦး ၊ ကရင်ပြည်နယ်မှာ ၁ ဦး ၊ တနသာၤရီ တိုင်းဒေသကြီးမှာ ၁ ဦး ၊ မွန်ပြည်နယ်မှာ ၃ ဦး ၊ ပဲခူးတိုင်းဒေသကြီးမှာ ၄ ဦး ၊ မကွေး တိုင်းဒေသကြီးမှာ၂ ဦး ဖြစ်ပါတယ်။



အဓိက လူသေဆုံးမှုတွေကတော့ ပဲခူးတိုင်းထဲမှာ အဖြစ်များခဲ့တာဖြစ်ပြီး လူ ၄ ယောက်သေဆုံးပြီး ရေဘေးသင့်သူ ၉၄၀၀၀ ကျော်ရှိခဲ့တာကြောင့် ကယ်ဆယ်ရေး စခန်း ၁၈၆ ခုဖွင့်လှစ်ပြီး ကယ်ခဲ့ရတယ်လို့ ဆိုပါတယ်။



ခုလတ်တလောမှာတော့ မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ မိုးများနေတာကြောင့် ရေကြီါ်နစ်မြုပ်မှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၃၀၀ လောက်ဖွင့်လှစ်ထားရပါတယ်။



ကရင်ပြည်နယ် မွန်ပြည်နယ် ဖက်နဲ့ ပဲခူးမှာတော့ ရေပြန်ကျတဲ့အခြေအနေဖြစ်ပြီး အရင်ရက်တွေက ပိတ်ဆု့ိနေတဲ့ လမ်းတွေလည်း ပြန်ပြီးဖွင့်လှစ်တာတွေရှိပေမယ့် မိုးဆက်များနိုင်သေးတယ်လို့ မိုးလေဝသက ထုတ်ပြန်ထားတာကြောင့် မြစ်ရေ ပြန်ကြီးနိုင်တာကို စိုးရိမ်မှုတွေရှိနေဆဲပါ။

Share

Loading Next Article...
က္က