ဝိုင်ထဲမှာပေါင်းစပ်ပါဝင်နေတဲ့အနံ့နဲ့အရသာရဲ့ အရင်းအမြစ်ကိုခွဲခြားနိုင်ဖို့လိုပါလိမ့်မယ်။

JC August Article 2 (1).png 

ဝိုင်ကောင်းကောင်းသောက်တဲ့အခါ ကိုယ်သောက်လိုက်တဲ့ဝိုင်ရဲ့ အနံ့နဲ့အရသာက ဘယ်အပေါ်ကိုအခြေခံထားတယ် ဆိုတာကို ခံစားမိဖို့ဆိုရင် ဝိုင်ထဲမှာပေါင်းစပ်ပါဝင်နေတဲ့အနံ့နဲ့အရသာရဲ့ အရင်းအမြစ်ကိုခွဲခြားနိုင်ဖို့လိုပါလိမ့်မယ်။ ဝိုင်သောက်တဲ့အခါ ဝိုင်စိမ်တဲ့ဝက်သစ်ချသားစည်ကလာတဲ့အနံ့နဲ့အရသာကိုရရှိနိုင်သလို၊ ဝိုင်ဖောက်လုပ်တဲ့သစ်သီးရဲ့ အနံ့နဲ့အရသာကိုလည်းရရှိနိုင်ပါတယ်။ဒီလိုရရှိလာတဲ့ အနံ့အရသာကို ခွဲခြားခံစားနိုင်ဖို့အတွက် အလေ့အကျင့်ရှိဖို့ လိုမှာပါ။ဝိုင်ရဲ့အနံ့နဲ့အရသာကိုခွဲခြားရာမှာ အထောက်အကူဖြစ်စေဖို့ ဝိုင်ဖောက်လုပ်ရာကနေ အနံ့၊အရသာ ထွက်ပေါ်လာတဲ့မတူညီတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးပါရစေ။

ဝက်သစ်ချသားကလာတဲ့ အနံ့နဲ့အရသာ

ဝက်သစ်ချစည်ကနေပြီး ဝိုင်ထဲကို အနံ့၊အရသာတွေစိမ့်ဝင်နိုင်ကာ အနံ့၊အရသာကြွယ်ဝမှုကို ဖြစ်ပေါ်စေပါတယ်။ ဝက်သစ်ချရဲ့သက်ရောက်မှုကြောင့် အမွှေးအကြိုင်အနံ့ကို ခံစားရမှာပဲဖြစ်ပါတယ်။ နှာခေါင်းဝမှာ ရရှိလာမယ့် အမွှေးအကြိုင်အနံ့တွေထဲမှာ သစ်ခွ၊လေးညှင်း၊ သစ်ကြံပိုးခေါက် စတဲ့အမွှေးအကြိုင်အနံ့တွေပါဝင်နိုင်ပြီး ဝက်သစ်ချစည် အမျိုးအစားနဲ့ စည်ထဲမှာသိုလှောင်တဲ့ကြာချိန်တို့ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

အာခေါင်ကိုလာထိမယ့် အရသာမှာတော့ ဝက်သစ်ချစည်ကနေ သစ်ခွ၊ သစ်ကြံပိုးနဲ့လေးညှင်းပုံစံအရသာမျိုးတွေကို ပေးစွမ်းမှာပါ။ များသောအားဖြင့် ပြင်သစ်ဝက်သစ်ချစည်တွေက လေးညှင်းနဲ့သစ်ခေါက်တို့ပေါင်းစပ်ထားတဲ့ အရသာမျိုးတွေကိုပေးစွမ်းပြီး အမေရိကန်ဝက်သစ်ချစည် သစ်ခွအရသာမျိုးကိုပိုထုတ်လုပ်ပေးနိုင်ပါတယ်။

ဝိုင်ကောင်းကောင်းသောက်တဲ့အခါ ကိုယ်သောက်လိုက်တဲ့ဝိုင်ရဲ့ အနံ့နဲ့အရသာက ဘယ်အပေါ်ကိုအခြေခံထားတယ် ဆိုတာကို ခံစားမိဖို့ဆိုရင် ဝိုင်ထဲမှာပေါင်းစပ်ပါဝင်နေတဲ့အနံ့နဲ့အရသာရဲ့ အရင်းအမြစ်ကိုခွဲခြားနိုင်ဖို့လိုပါလိမ့်မယ်။ ဝိုင်သောက်တဲ့အခါ ဝိုင်စိမ်တဲ့ဝက်သစ်ချသားစည်ကလာတဲ့အနံ့နဲ့အရသာကိုရရှိနိုင်သလို၊ ဝိုင်ဖောက်လုပ်တဲ့သစ်သီးရဲ့ အနံ့နဲ့အရသာကိုလည်းရရှိနိုင်ပါတယ်။ဒီလိုရရှိလာတဲ့ အနံ့အရသာကို ခွဲခြားခံစားနိုင်ဖို့အတွက် အလေ့အကျင့်ရှိဖို့ လိုမှာပါ။ဝိုင်ရဲ့အနံ့နဲ့အရသာကိုခွဲခြားရာမှာ အထောက်အကူဖြစ်စေဖို့ ဝိုင်ဖောက်လုပ်ရာကနေ အနံ့၊အရသာ ထွက်ပေါ်လာတဲ့မတူညီတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးပါရစေ။

ဝက်သစ်ချသားကလာတဲ့ အနံ့နဲ့အရသာ

ဝက်သစ်ချစည်ကနေပြီး ဝိုင်ထဲကို အနံ့၊အရသာတွေစိမ့်ဝင်နိုင်ကာ အနံ့၊အရသကြွယ်ဝမှုကို ဖြစ်ပေါ်စေပါတယ်။ ဝက်သစ်ချရဲ့သက်ရောက်မှုကြောင့် အမွှေးအကြိုင်အနံ့ကို ခံစားရမှာပဲဖြစ်ပါတယ်။ နှာခေါင်းဝမှာ ရရှိလာမယ့် အမွှေးအကြိုင်အနံ့တွေထဲမှာ သစ်ခွ၊လေးညှင်း၊ သစ်ကြံပိုးခေါက် စတဲ့အမွှေးအကြိုင်အနံ့တွေပါဝင်နိုင်ပြီး ဝက်သစ်ချစည် အမျိုးအစားနဲ့ စည်ထဲမှာသိုလှောင်တဲ့ကြာချိန်တို့ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

အာခေါင်ကိုလာထိမယ့် အရသာမှာတော့ ဝက်သစ်ချစည်ကနေ သစ်ခွ၊ သစ်ကြံပိုးနဲ့လေးညှင်းပုံစံအရသာမျိုးတွေကို ပေးစွမ်းမှာပါ။ များသောအားဖြင့် ပြင်သစ်ဝက်သစ်ချစည်တွေက လေးညှင်းနဲ့သစ်ခေါက်တို့ပေါင်းစပ်ထားတဲ့ အရသာမျိုးတွေကိုပေးစွမ်းပြီး အမေရိကန်ဝက်သစ်ချစည် သစ်ခွအရသာမျိုးကိုပိုထုတ်လုပ်ပေးနိုင်ပါတယ်။

စပျစ်(သစ်သီး) ကလာတဲ့အရသာ

အချို့ဝိုင်အမျိုးအစားတွေမှာတော့ အနံ့နဲ့အရသာက ဖောက်လုပ်ထားတဲ့သစ်သီးကနေလာတာပါ။ ဒီလိုဝိုင်တွေမှာ အသီး အနံ့၊အရသာကဲနေတာမျိုးကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာမယ့် သစ်သီးအနံ့အရသာက စပျစ်အမျိုးအစား၊ စိုက်ပျိုးတဲ့မြေအမျိုးအစား၊ဒေသ နဲ့ ရာသီဥတုတို့အပေါ်မူတည်ပြီး ကွဲပြားမှာပဲ ဖြစ်ပါတယ်။

ဝိုင်နီတွေရဲ့အနံ့၊အရသာ

ဝိုင်နီတွေကနေ ငရုတ်ကောင်းဖြူ၊ ငရုတ်ကောင်းနက် နဲ့ သစ်ကြံပိုးခေါက် အနံ့၊အရသာတို့ကိုပေးစွမ်းနိုင်ပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ ဝိုင်နီကောင်းကောင်းတွေကို ညွှန်းရမယ်ဆိုရင်တော့ -

Jacob’s Creek ရဲ့ Reserve Barossa Shiraz ဝိုင်

အဆင့်အတန်းမြင့် Shiraz ဝိုင်ဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကို Jacob's Creek ရဲ့ Reserve Barossa Shiraz ဝိုင်က ကောင်းကောင်းကြီးဖော်ပြနိုင်ပြီး မက်မန်းနွယ်ဝင်အသီးရဲ့အနံ့၊အရသာကြွယ်ဝမှုကိုတွေ့ကြုံခံစားရမှာပါ။ နှာခေါင်းဝမှာ ငရုတ်ကောင်းနက် အနံ့ခပ်သင်းသင်းကိုလည်း သောက်သုံးတဲ့အချိန်မှာရရှိမှာပါ။

 

Jacob’s Creek ရဲ့ Reserve Coonawarra Cabernet Sauvignon ဝိုင်

ဒီဝိုင်ကတော့ ပုံမှန်အားဖြင့် ပြင်သစ်တောင်ပိုင်းရဲ့ ပူဒီနာနဲ့ဘလက်ဘယ်ရီသီး အရသာတွေကြွယ်ဝကာ သံလွင်သီးနက် အနံ့ခပ်သင်းသင်းလေးနဲ့ဖြစ်ပါတယ်။

အချို့ဝိုင်အမျိုးအစားတွေမှာတော့ အနံ့နဲ့အရသာက ဖောက်လုပ်ထားတဲ့သစ်သီးကနေလာတာပါ။ ဒီလိုဝိုင်တွေမှာ အသီး အနံ့၊အရသာကဲနေတာမျိုးကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာမယ့် သစ်သီးအနံ့အရသာက စပျစ်အမျိုးအစား၊ စိုက်ပျိုးတဲ့မြေအမျိုးအစား၊ဒေသ နဲ့ ရာသီဥတုတို့အပေါ်မူတည်ပြီး ကွဲပြားမှာပဲ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ဝိုင်သောက်တဲ့အခါ ခံစားရတဲ့အနံ့နဲ့အရသာက ဘယ်ကလာတယ်ဆိုတာကို ခွဲခြားပြီးအရသာခံနိုင် လောက်မယ်ထင်ပါတယ်။ ဝိုင်တွေကိုပိုပြီးအမျိုးအစားခွဲခံစားတတ်လာစေဖို့တော့ Jacob's Creek ရဲ့ဝိုင်တွေကို အရသာခံသောက်သုံးရင်း အလေ့အကျင့်ရယူသွားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဝိုင်တွေရဲ့အရသာကို ကောင်းကောင်းခံစားတတ်လာမှာပဲ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က