ဒီနေ့ဟာ သရုပ်ဆောင် မိုးယုစံရဲ့ သားလေး ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ Austin လေးရဲ့ (၁)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သားလေးရဲ့ မွေးနေ့မှာ မွေးနေ့အလှူအဖြစ် ဗဟန်းမြို့နယ်မှာရှိတဲ့ တောင်ကြီးပရိယတ္တိစာသင်တိုက်မှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။
ကိုစွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစံတို့ရဲ့ သားလေး မိုးသင်္ခမိုးသူ(ခ) Austin ဟာ ဒီနေ့(သြဂုတ်လ၂၁ရက်)က (၁)နှစ်ပြည့်လို့သွားပါပြီ။ (၁)နှစ်ပြည့် မွေးနေ့အလှူလေးကိုလည်း ဗဟန်းမြို့နယ်မှာရှိတဲ့ တောင်ကြီးပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားလေးရဲ့ မွေးနေ့ အလှူမှာ ရဟန်းသံဃာများကို အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။
(၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေး Austin ရဲ့ မွေးနေ့အတွက် မေမေမိုးယုစံကလည်း ယခုလို မွေးနေ့ဆုတောင်းလေး တောင်းပေးထားတာ တွေ့ရပါတယ်။
"Happy birthday သားသားလေး တစ်နှစ်တောင်ပြည့်သွားပြီး သားသားလေးတစ်နှစ်ပြည့်မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပြီး ထူးချွန်ထက်မြတ် လိမ္မာ်ရေးခြားရှိပြီး ကျန်းမာသန်စွမ်းတဲ့ သားသားလေးဖြစ်ပါစေလို့ ချစ်ရတဲ့ မာမီ ဒယ်ဒီ ဖိုးဖိုး ဖွားဖွား ဘိုးဘိုး ဘွားဘွား ဦးဦးတို့က ဆုတောင်းပေးပါတယ်" ဆိုပြီး မိုးယုစံရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၁) ရက်နေ့ က ရေးသားထားတာတွေ့ရပါတယ်။
မိုးယုစံရဲ့ သားလေး Austin ဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ မိခင်ရဲ့ အလှအပနဲ့ ဖခင်ရဲ့ ယောကျ်ား ပီသတဲ့ ရုပ်ရှင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ သားလေး Austin ဟာ အရမ်းကို ချစ်ဖို့ ကောင်းလှပါတယ်။ မိုးယုက သူမကို ချစ်ပေးကြသလို သားသားကို ချစ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။
ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။
မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။