ရေစီးကြောင့် တံတားစိုးရိမ်နေရပါတယ်။

ဆွာဆည်ကျိုးကျပြီး ရေတွေအရမ်းစီးနေတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော်လမ်းအပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/ဝ) ကြား(၄) ဖာလုံခန့်မှာရှိတဲ့ ဆွာချောင်းတံတား နိမ့်ကျမှုဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီဌာနကထုတ်ပြန်ပါတယ်။



Photo - MRTV

လမ်းပေါ် ရေ (၂) ပေခန့်ရေကျော်မှုဖြစ်ပေါ်ပြီး ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 1 သည် တစ်ပေခွဲခန့်နိမ့်ကျသွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) မှာလည်း ရေတွေ ၂ ပေလောက်လမ်းပေါ်တက်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲက သြဂုတ်လ ၂၉ ရက် ဒီနေ့မနက် ၆ နာရီမှာ ရေစီးကျော်အရှိန်များတာကြောင့် ရေပိုလွှဲ ညာဘက်အခြမ်းပဲ့ကျခဲ့ပါတယ်။

အဲ့ဒါကြောင့် ရေထွက်တာများပြီး မူလချောင်းရေပြည့်လျှံနေလိ့ုရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ဆွာမြို့မှာ ရေကြီးရေလျှံနေပါတယ်။ တမံကျိုးကျပျက်စီးခြင်းမရှိသေးကြောင်းနဲ့ လက်ရှိမှာ အနီးကပ်စီမံခန့်ခွဲဖု့ အတွက် ပြည်ထောင်စုအဆင့် လုပ်ဆောင်နေတယ်လို့ ဆည်မြောင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က