physical keyboard နဲ့touch screen နှစ်မျိုးသုံး BlackBerry Key series ကြိုက်သူတွေအတွက် ဈေးသက်သာတဲ့ မော်ဒယ်သစ် ထွက်လာပြီ ဖြစ်ပါတယ်။
Photo: 9to5google
TCL Communication ကနေ မိတ်ဆက်သွားတဲ့ BlackBerry Key2 LE ဟာ ပထမဆုံး KeyOne မော်ဒယ်ထက် ၁၀% ပိုကြီးတဲ့ ၄.၅ လက်မ FHD+ LCD display နဲ့လာတာပါ။ LE မော်ဒယ်ဟာ ပိုပြီး သားနားတဲ့ ဒီဇိုင်းအပြင် သုံးစွဲသူအတွက် အဆင်ပြေစေတဲ့ ဖွဲ့စည်းပုံတွေပါ ပါဝင်လာပါတယ်။ ဥပမာ- ကီးတွေကို စာရိုက်ရ ပိုလွယ်အောင် အရင်ကထက် ၂၀% ပိုမြှင့်ပေးတာမျိုးပါ။
LE မော်ဒယ်အနေနဲ့ထွက်လာတဲ့ ဒီဖုန်းဟာ Snapdragon 636 processor ကို လျှော့သုံးလာသလို RAM ပမာဏကလည်း အရင် BlackBerry Key2 မှာ သုံးတဲ့ 6GB ကနေ 4GB ကို လျှော့ထားတာ တွေ့ရပါတယ်။ ဘက်ထရီပါဝါလည်း အရင် 3500 mAh ကနေ 3000 mAh ဘက်ထရီ ဖြစ်သွားပါတယ်။ ကံကောင်းတာက BlackBerry Key2 LE ကလည်း ကျောဘက်မှာ dual cameras တွေပဲ ဆက်သုံးထားတာပါ။
ကင်မရာပိုင်းမှာ 13MP နဲ့5MPကင်မရာအတွဲစနစ် သစ်နဲ့ထွက်လာတာ ဖြစ်ပြီး portrait mode တစ်ခါတည်း ပါဝင်ထားတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။ ရှေ့မှာတော့ 8MP ဆယ်လ်ဖီကင်မရာနဲ့လာပြီး အရင်မော်ဒယ်လို physical key တွေနဲ့short cuts လုပ်ဆောင်မှုတွေ သုံးနိုင်တဲ့ functions တွေ ပါရှိပါတယ်။ Speed Key နဲ့အတူ ကီးပေါင်း ၅၂ ခုနဲ့တွဲပြီး app တွေ အမြန်ဖွင့်နိုင်မှာပါ။
လုံခြုံရေးပိုင်း ဦးစားပေးတဲ့ ဖုန်းတွေ ဖြစ်တဲ့ အတိုင်း ဒီဖုန်းဟာ ဖုန်းကို တိုက်ရိုက် ခြေရာခံ စစ်ဆေးပေးနေမယ့် DTEK ဆော့ဖ်ဝဲလ် ပါရှိပါတယ်။ ဒ့ါအပြင် ဖုန်းထဲက ဖိုင်နဲ့စာရွက်စာတမ်းတွေအတွက် အဆင့်မြင့်လုံခြုံရေးအခန်းတစ်ခုလို ကာကွယ်ပေးမယ့် Locker mode ၊ ဘက်ထရီအားသွင်းနေကျအချိန်ကို သတိပေးမယ့် Power Center စနစ်တို့လည်း ထည့်သွင်းထားပါတယ်။
Photo: pocketnow
BlackBerry Key2 LE ဟာ အနီရောင် ၊ ရွှေရောင်နဲ့အနက်ရောင် ကာလာ ၃ မျိုးနဲ့လာပြီး ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ။်