ကိုယ်လုပ်ကိုင်မယ့် ကိုယ်ပိုင်လုပ်ငန်းအိုင်ဒီယာက အလုပ်ဖြစ်မယ်လို့ ၁၀၀ ရာခိုင်နှုန်းကြိုတင်တွက်ဆထား လို့မရပါဘူး။
Sponsored bylogo
 

ကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ်ဆိုတာနဲ့ လူအများစုစတင်ပြီးစဉ်းစားကြတာက လက်ရှိလုပ်ကိုင်နေပြီး ပုံမှန်ဝင်ငွေရနေတဲ့ အချိန်ပြည့်ဝန်ထမ်းအလုပ်ကနေထွက်ဖို့ပါပဲ။ ဒါမှသာကိုယ့်ရဲ့အသစ်စတင်မယ့် ကိုယ်ပိုင်အလုပ်မှာ အချိန်ပြည့်အာရုံ စိုက်နိုင်ပြီး အောင်မြင်မှုတွေရမယ်လို့ အားလုံးကယူဆထားကြလို့ပါ။ ဒီလိုယူဆတာဟာမှန်ပေမယ့် တစ်ဖက်မှာလည်း ကိုယ်လုပ်ကိုင်မယ့် ကိုယ်ပိုင်လုပ်ငန်းအိုင်ဒီယာက အလုပ်ဖြစ်မယ်၊မဖြစ်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်းကြိုတင်တွက်ဆထား လို့မရတာကြောင့် စွန့်စားလွန်းရာကျနေတာအမှန်ပါပဲ။ ဒါကြောင့် တစ်ဖက်က အချိန်ပြည့်ဝန်ထမ်းအဖြစ်ဆက်လက် လုပ်ကိုင်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင်စတင်ပြီး လုပ်ငန်းအရှိန်ရလာတဲ့အချိန်ကျမှ ဝန်ထမ်းအလုပ်ကိုထွက်မယ်ဆိုရင် အတိုင်းထက်အလွန်အကျိုးရှိမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်တာကြောင့် အချိန်ပြည့်ဝန်ထမ်းအဖြစ်ဆက်လက် လုပ်ကိုင်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင်စတင်နိုင်စေမယ့် အကြံပြုချက် ၅ ချက်ကိုဖော်ပြပေးချင်ပါတယ်။ ဒီအကြံပြုချက်တွေဟာဆိုရင် ဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ကာ သန်းကြွယ်သူဌေးဘဝ ကိုရောက်ရှိခဲ့တဲ့ ဒေမွန်ဂျွန်နဲ့ မက်ခ်ကူဘန် တို့ရဲ့အကြံပြုချက်တွေပါ။

(၁) အချိန်ပြည့်အလုပ်အပေါ်အာရုံစူးစိုက်မှုမလျှော့ပါနဲ့

အချိန်ပြည့်အလုပ်တစ်ဖက်နဲ့ ကိုယ်ပိုင်အလုပ်စတင်ပြီဆိုရင် လက်ရှိဝန်ထမ်းအလုပ်မှာ လုပ်ချင်ကိုင်ချင်စိတ်တွေလျော့ လာပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ဆီသာစိတ်ရောက်နေတတ်ပါတယ်။ ဒီလိုဖြစ်လာရင်အလုပ်မှာမပျော်တော့ဘဲ စိတ်အား တက်ကြွမှုကလည်း နှစ်ဖက်စလုံးမှာလျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဝင်ငွေတစ်ခုရှိနေဖို့အတွက် ဝန်ထမ်း အလုပ်ကို အကောင်းဆုံးဆက်လက်ကြိုးစားလုပ်ကိုင်ရင်းနဲ့မှ ကိုယ့်ရဲ့အလုပ်ချိန်ကိုတိုးပြီး ကိုယ်ပိုင်အလုပ်ကိုပါ အောင်မြင်အောင်လုပ်ကိုင်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်မှုမျိုးနဲ့ အလုပ်ကြိုးစားမှုမျိုးထားရှိဖို့ စိတ်ပိုင်းဖြတ်ထားပါ။

(၂) မူလရည်မှန်းချက်ကို မမေ့ပါနဲ့

အလုပ်နှစ်ခုတပြိုင်နက်လုပ်ရတာကြောင့် အလုပ်တွေပင်ပန်းလာတဲ့အချိန်မှာ ဘာကြောင့် ကိုယ်ပိုင်အလုပ်ကိုစတင်ချင်ရ တာလဲဆိုတာကို ပြန်သတိရပေးပါ။ ဒါမှသာ အလုပ်ပင်ပန်းတဲ့ဒဏ်၊ လုပ်သလောက်မဖြစ်သေးလို့ စိတ်ပျက်ရတဲ့ဒဏ်တွေ ကြောင့် စိတ်ဓါတ်ကျတာတွေကို ကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်ကိုမျှော်တွေးပြီး ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

 

(၃) အချိန်ဇယားကိုဦးထိပ်ထားပါ

စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ တစ်နေ့တာရရှိတဲ့အချိန်တွေဟာဘယ်တော့မှလုံလောက်နိုင်တယ်လို့ မရှိပါဘူး။ လုပ်ဖို့ပေါ်လာတဲ့အလုပ်တွေနောက်ကိုပဲလိုက်လုပ်နေမယ်ဆိုရင် အလုပ်တွေကိုထိထိရောက်ရောက်အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ မလွယ်ကူဘဲ စိတ်ဖိစီးမှုတွေလည်းများလာနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့တစ်နေ့တာလုပ်ဆောင်ရမယ့် အလုပ်တွေကိုကြိုတင်တွက်ဆပြီး လုပ်ရန်ရှိစာရင်းအလိုက်အချိန်ဇယားရေးဆွဲကာ အဲဒီအချိန်ဇယားကို ဦးထိပ်ထားဖို့ လိုအပ်ပါတယ်။

(၄) အလုပ်ပြီးမြောက်အောင်လုပ်တတ်တဲ့ စိတ်ထားမွေးပါ

အချိန်ဇယားကိုဦးထိပ်ထားပြီး လုပ်စရာရှိတာတွေကို လုပ်နေရုံနဲ့မပြီးသေးပါဘူး။ လုပ်စရာရှိတာတွေကို လုပ်နေပြီး အလုပ်တွေက ပြီးမြောက်မှုမရှိဘူးဆိုရင်လည်း အကျိုးရှိမှာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်တွေပြီးမြောက်အောင်မြင် အောင်လုပ်မယ်ဆိုတဲ့စိတ်ထားမျိုးပျိုးထောင်ထားဖို့လိုပါတယ်။ လုပ်ရန်ရှိစာရင်းအပြင် အလုပ်ပြီးမြောက်မှုစာရင်းကိုပါ မှတ်တမ်းတင်ထားမယ်ဆိုရင် အကျိုးရလဒ်တွေသိသိသာသာတိုးတက်လာတာကိုတွေ့နိုင်ပါတယ်။

(၅) လမ်းညွှန်ပုဂ္ဂိုလ်ရှာဖွေပါ

ကိုယ်သွားချင်တဲ့လုပ်ငန်းနယ်ပယ်မှာ ကိုယ့်ထက်ရှေ့ကအရင်ရောက်နှင့်ပြီးအတွေ့အကြုံရှိထားတဲ့သူတွေရဲ့ အကြံပြုချက် တွေကို ရယူတာဟာ စွန့်ဦးတီထွင်သူတိုင်းလိုက်နာသင့်တဲ့ ရွှေစည်းမျဉ်းတစ်ခုပါပဲ။ အတွေ့အကြုံရှိပြီးသားပုဂ္ဂိုလ်တွေရဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ၊ ကျော်ဖြတ်ခဲ့တဲ့နည်းလမ်းတွေကိုလေ့လာမှတ်သားမယ်ဆိုရင် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရာမှာများစွာအထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.chivas.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

Share

Loading Next Article...
က္က