ခေတ်ရဲ့တောင်းဆိုမှုအရ သွားရင်းလာရင်းလုပ်စရာရှိတာတွေလုပ်နိုင်ဖို့ ဂိမ်းတွေဆော့နိုင်ဖို့လည်း လိုပါတယ်။

MSI_NB_GF63_photo_11.jpg 

စမတ်ဖုန်းတွေဘယ်လောက်ပဲနည်းပညာမြင့်လာတယ်ပြောပြော တကယ်အလုပ်လုပ်နေရတဲ့ နယ်ပယ်အသီးသီးက ပရိုဖက်ရှင်နယ်တွေ၊ Gamer တွေအတွက်တော့ကွန်ပျူတာတွေနေရာမှာ စမတ်ဖုန်းတွေနဲ့အစားထိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။

ဒါပေမဲ့ခေတ်ရဲ့တောင်းဆိုမှုအရ သွားရင်းလာရင်းလုပ်စရာရှိတာတွေလုပ်နိုင်ဖို့ ဂိမ်းတွေဆော့နိုင်ဖို့လည်း လိုပါသေးတယ်။

ဒီလိုခေတ်သစ်ကမ္ဘာရဲ့တောင်းဆိုမှုတွေအားလုံးကို ဖြည့်စွမ်းပေးနိုင်တာကတော့ MSI ရဲ့စွမ်းဆောင်ရည်မြင့် GF63 Laptop ပါပဲ။

GF63 ဟာဆိုရင်စွမ်းဆောင်ရည်မြင့်ပြီး ပါးလွှားတဲ့အပြင် ကြာရှည်ခံတဲ့ဘက်ထရီလည်းပါဝင်တဲ့ Laptop ကွန်ပျူတာပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် MSI ရဲ့ GF63 မှာ နောက်ဆုံးပေါ် 8th Generation Intel Core Technology ပါဝင်ကာ CPU အနေနဲ့ Core i7 နဲ့ i5 ဆိုပြီး ၂ မျိုးလာတာကိုတွေ့ရမှာပါ။ Memory က DDRIV 8GB ဖြစ်ပြီး GeForce® GTX 1050 , 4GB GDDR5 Graphic နဲ့ဖြစ်ပါတယ်။ Window 10 Home နဲ့ဖြစ်ပြီး ဒေတာတွေသိမ်းဆည်းဖို့အတွက် HDD 1TB ပါဝင်ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့ဆိုရင် ပရိုဖက်ရှင်နယ်အဆင့် Software တွေအထိနှေးကွေးလေးလံမှုမရှိဘဲ အလုပ်လုပ်နိုင်မှာဖြစ်သလို Gamer တွေအတွက်လည်း အဆင့်မြင့်ဂိမ်းတွေအထိဆော့ကစားနိုင်မှာပါ။ ဒါ့အပြင် ဒေတာတွေ သိမ်းဆည်းဖို့အတွက်လည်း စိတ်ပူနေစရာမရှိတော့ပါဘူး။

အရွယ်အစားနဲ့မျက်နှာပြင်အရည်အသွေး

၁၅.၆ လက်မမျက်နှာပြင်က Full HD (1920*1080) အရည်အသွေးပေးစွမ်းမှာဖြစ်ပြီး Narrow Bezel ဘေးဘောင်အကျဉ်းနဲ့ဖြစ်တာကြောင့် ကျယ်ဝန်းပြီးပြီးပြည့်စုံတဲ့မြင်ကွင်းတွေကိုခံစားရမှာပါ။ 4.9 mm ultra thin bezel ဖြစ်ပြီး မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးက ၈၂ ရာခိုင်နှုန်းအထိရှိနေတာကိုကြည့်ရင် မျက်နှာပြင်အပြည့်နီးပါးမြင်ကွင်းကိုခံစားရမယ်ဆိုတဲ့အချက်ကပေါ်လွင်လို့နေပါတယ်။ အရွယ်အစားနဲ့မလိုက်အောင်ဘဲ အလေးချိန်ကတော့ ၁.၈၆ ကီလိုဂရမ်သာ ရှိတာကြောင့် သွားလေရာပေ့ါပေ့ါပါးပါးသယ်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ဒီဇိုင်းကလည်း ပုံမှန်မြင်တွေ့ရတဲ့အတိုင်း အလန်းဖြစ်ပြီး Single Backlight(RED) ကီးဘုတ်နဲ့ဖြစ်တာကြောင့် စတိုင်လ်မကျမှာ ပူစရာမလိုပါဘူး။

 

ဘက်ထရီ

ဘက်ထရီက ၇ နာရီအထိတောက်လျှောက်အသုံးပြုနိုင်မယ့် ဘက်ထရီပါဝင်နေတာကလည်း သွားရင်းလာရင်း အသုံးပြုဖို့ အတွက်ကောင်းကောင်းကြီးအထောက်အကူပြုနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

Gaming အထူးစွမ်းဆောင်ရည်

MSI ရဲ့ GF63 မှာ ကျယ်ပြန့်တဲ့မျက်နှာပြင်ပါဝင်နေတာကြောင့် RPG ဂိမ်းတွေဆော့ကစားတဲ့နေရာမှာ လက်တွေကမျက်နှာပြင်ကိုကွယ်နေတာမျိုးမဖြစ်နိုင်တော့ပါဘူး။ ကီးဘုတ် နဲ့ မောက်စ်တွေရဲ့အာရုံခံနိုင်စွမ်းက မြင့်မားတာကြောင့် command တွေကို စက္ကန့်မဆိုင်း တိတိကျကျလိုက်ပါလုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ စက်ရဲ့ CPU နဲ့  Graphic ပိုင်းစွမ်းဆောင်ရည်တွေကိုတော့ အပေါ်မှာပြောခဲ့ပြီးသားဖြစ်တာကြောင့်လက်ရှိနောက်ဆုံးပေါ် Game အမျိုးအစားမရွေး ကောင်းကောင်း ဆော့ကစားနိုင်မယ်ဆိုတာ အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။

ဒီအချက်တွေအပြင် GF63 မှာ ထူးထူးခြားခြားအနေနဲ့ မိုဘိုင်းလ်ဂိမ်းတွေကို Laptop ပေါ်မှာမြင်ကွင်းကျယ်ကျယ်နဲ့ အားရပါးရဆော့ကစားနိုင်စေမယ့် MSI ရဲ့ကိုယ်ပိုင်ဆော့ဖ်ဝဲဖြစ်တဲ့ App Player လည်းပါဝင်နေတာကြောင့် မိုဘိုင်းလ်ဂိမ်းချစ်သူတွေအတွက်လည်း အထူးသင့်လျော်တဲ့ Laptop ပဲဖြစ်ပါတယ်။

 

ဈေးနှုန်း

MSI ရဲ့ GF63 ရဲ့ဈေးနှုန်းက Core i5 အတွက် အမေရိကန်ဒေါ်လာ ၉၂၉ ကျသင့်ပြီး core i7 အတွက် အမေရိကန်ဒေါ်လာ ၁၀၂၉ ကျသင့်မှာပဲ ဖြစ်ပါတယ်။

ကဲ...ဒါကြောင့် သွားလေရာစတိုင်လ်ကျကျသယ်သွားနိုင်ပြီး စွမ်းဆောင်ရည်မြင့်မြင့်နဲ့ကိုယ့်စိတ်ဆန္ဒရှိသမျှ လုပ်ငန်းတွေပြီးမြောက် အောင်စွမ်းဆောင်ပေးနိုင်မယ့် Laptop ကွန်ပျူတာတစ်လုံးရှာနေတယ်ဆိုရင်တော့ MSI ရဲ့ GF63 ကိုသာစိတ်ချလက်ချ ရွေးချယ်နိုင်ကြောင်း အကြံပြုလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က