အေးသောင်းက ညီမဖြစ်သူ ဆွိဝတ်ရည်သောင်းနဲ့ ငယ်ငယ်တုန်းက ပုံလေးတွေတင်ပြီး ညီမကို ဆေးထိုးထားတာ တွေ့ရပါတယ်။ အေးသောင်းဟာ ညီမဖြစ်သူရဲ့ မွေးနေ့လေးမှာ မွေးနေ့ဆုတောင်းလေး တောင်းပေးထားရင်းနဲ့ ညီမကို စနောက်ထား ပါသေးတယ်။
ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ အေးသောင်းက ညီမဖြစ်သူ ဆွိဝတ်ရည်သောင်းကို မွေးနေ့လေးကို ငယ်ငယ်တုန်းက ပုံလေးတွေတင်ရင်း ဆေးထိုးလိုက်တာတွေ့ရပါတယ်။ ဆွိဝတ်ရည်သောင်းရဲ့ ငယ်ငယ်က ပုံလေးတွေ တင်ရင်း ညီမဖြစ်သူအတွက် မွေးနေ့ဆုတောင်းလေး လည်း တောင်းပေးထားတာ တွေ့ရပါတယ်။
"Happy Birthday ချစ်ပိုးလေးငယ်ငယ်ကပုံတွေနဲ့ဆေးထိုးလိုက်ပြီ သရဲမလေး သူငယ်ငယ်က သနပ်ခါးတွေဖွေးနေအောင် အမြဲလိမ်းတာ။ အငယ်ဆုံးပေမဲ့ အလိမ္မာဆုံး။မွေးနေ့လက်ဆောင်အဖြစ် ကြွက်ပုံလေးတွေ ပေးရင်သူသိပ်ပျော်ပါတယ်" ဆိုပြီး အေးသောင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
အမဖြစ်သူ အေးသောင်းရဲ့ မွေးနေ့ဆုတောင်းပို့စ်အောက်မှာလည်း ဆွိဝတ်ရည်သောင်းက "Thank u ကြောင်လေး love u " ဆိုတဲ့ စာသား လေးကို ပြန်ပြီး ကောမန့်ပေးထားတာ တွေ့ရပါတယ်။
မိဘတွေကိုပါ ထိခိုက်လာလို့ မှတ်ပုံတင်ပြပြီးဖြေရှင်းလိုက်တဲ့ မအေးသောင်း
နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မ ၃ ယောက်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေ ပဲဖြစ်ပါတယ်။ အကြီးဆုံးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်မှာ နေထိုင်တာဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း လို့ခေါ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်မအေးသောင်းကတော့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပြီး ဆွိဝတ်ရည်သောင်း ကတော့ ဂီတဘက်မှာ အောင်မြင်အောင်ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။
အေးဝတ်ရည်သောင်းဟာ မကြာခင်က ရိုက်ကူးပြီးခဲ့တဲ့ မျက်နှာဖုံးများ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကား ကြီးထဲမှာ အကယ်ဒမီမင်းဦး၊ ကျော်ထက်အောင်၊ အောင်ရဲထိုက်၊ Rusell ၊ အိချောပို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်၊ မေ ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ကောင်းမြတ် တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။