ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ အဆိုတော် မဒီက မကြာခင်မှာ ပရိသတ်တွေအတွက် ခံစားမှု ရသအသစ် တွေ ပေးစွမ်း နိုင်တော့မှာ ဖြစ်ပါတယ်။ သူမရဲ့ စီးရီးသစ်ကို မကြာခင် ပရသိတ်တွေ လက်ထဲအရောက်ပို့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ အဆိုတော် မဒီက မကြာခင်မှာ ပရိသတ်တွေအတွက် ခံစားမှု ရသအသစ်တွေ ပေးစွမ်း နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ ခံစားမှု ရသသစ်တွေကို အောက်တိုဘာလထဲမှာ နားဆင်ရတော့မှာ ဖြစ်ပါတယ်။ မဒီရဲ့ "Peaceful Christmas" ဆိုတဲ့ စီးရီသစ်ကို အောက်တိုဘာ(၁၈) ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
မဒီရဲ့ သီချင်းခွေသစ်ထဲမှာ သီချင်းစုစုပေါင်း (၁၃) ပုဒ်ပါဝင်မှာ ဖြစ်ပြီး Christmas carol တွေဖြစ်တယ်လို့ သိရပါတယ်။
စီးရီးသစ်နဲ့ ပရိသတ်တွေရှေ့ ပြန်လာတော့မယ့် မဒီ
အောက်တိုဘာ(၁၈) ရက်နေ့ကမှာ ထွက်ရှိမယ့် မဒီရဲ့ စီးရီးသစ်ထဲမှာ ပျော်ရွှင်စရာအမှတ်တရတွေ များစွာပါတယ်လို့ မဒီက ဆိုပါတယ်။
" album ရဲ့အဓိက ရင်းမြစ်က ဖွားဖွားရဲ့ဆုံးမှုအောက်မှာကြီးပြင်းရင်း အတူတူ သီချင်းဆိုခဲ့ရတာတွေရယ်၊ ငယ်ငယ်ထဲက ဒီ Christmas သီချင်း တွေနဲ့ကြီးပြင်းခဲ့တာကြောင့်ပါတယ်။ နောက်တစ်ခုက ဒီသီချင်းတွေကလည်း မဒီ့ အတွက် ပျော်ရွှင်စရာအမှတ်တ ရတွေသယ် ဆောင် ခဲ့လို့ နားထောင်မယ့် သူတွေအတွက်လည်း ပြုံးပျော်ရွှင်စရာ ခံစားမှုတွေပေးနိုင်မယ်မျှော်လင့်ပါတယ်"လို့ သူမက ပြောပြခဲ့ပါတယ်။
မဒီရဲ့ "Peaceful Christmas" တေးစီးရီးကို CMP တေးထုတ်လုပ်ရေးကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိမှာ ဖြစ်ပြီး Legacy Myanmar Music store ကနေ လည်း digital download ဝယ်ယူအားပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ပြင်ပ အခြားနိုင်ငံတွေကနေ ဝယ်ယူအားပေးချင်တဲ့ ပရိသတ် တွေအနေနဲ့လည်း တေးသံရှင်မဒီရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.musicbymadi.com မှာ digital download ဝယ်ယူအားပေး နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
မဒီဟာ ၁၉၉၅ခုနှစ်ကနေစပြီး ပဏာမ ၊ ဒုတိယသက်တန့်၊ ချစ်ခြင်းတရာ၊စတုတ္ထမြောက်တစ်ကိုယ်တော် စတဲ့ တစ်ကိုယ်တော်တေး အယ်လ် ဘမ် တွေအပြင် စုံတွဲ အခွေတွေ အများအပြားထွက်ရှိခဲ့သူဖြစ်ပါတယ်။