Lux Lavender Lush ကို ပြင်သစ်လာဗင်ပန်းအဆီအနှစ်နဲ့ သံပုရာသီးတို့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ပန်းပေါင်းစုံ အဆီအနှစ်တို့နဲ့ဖော်စပ်ထားတာပါ။

DSCN5310.JPG 

မြန်မာနိုင်ငံရဲ့နံပါတ် ၁ ရေချိုးဆပ်ပြာရည်အမှတ်တံဆိပ်ဖြစ်တဲ့ Lux ကနေပြီး လန်းဆန်းသင်းပျံ့တဲ့မွှေးရနံ့နဲ့ နူးညံ့စိုပြည်တဲ့ အသားအရေကို ပေးစွမ်းမယ့် Lavender Lush ရေချိုးဆပ်ပြာရည်အသစ်ကို မြန်မာနိုင်ငံမှာ ယနေ့ စက်တင်ဘာလ၊ ၁၅ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

Lux အမှတ်တံဆိပ်ဟာ ၁၉၂၅ ခုနှစ်ကတည်းကစတင်ပြီး ဈေးကွက်အတွင်းမှာ ထိပ်တန်းရေမွှေးဆပ်ပြာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ တံဆိပ်ဖြစ်ကာ မြန်မာနိုင်ငံမှာလည်း နှစ်ပေါင်းများစွာ လူကြိုက်အများဆုံးရေမွှေးဆပ်ပြာ အမှတ်တံဆိပ်အဖြစ်ရပ်တည်လာခဲ့တာပါ။



မြန်မာနိုင်ငံဈေးကွက်အတွင်းလက်ရှိရရှိနိုင်တဲ့ Lux ရေချိုးဆပ်ပြာတွေဟာ ထူးကဲသင်းပျံ့တဲ့မွှေးရနံ့တွေကြောင့် လူသိများပြီး ပန်းပေါင်းစုံတို့ရဲ့အဆီအနှစ်တွေကနေ ထုတ်လုပ်ထားတာကြောင့် အသားအရေကိုနူးညံ့စိုပြည်စေကြောင်း ထောက်ခံမှုတွေလည်း အများကြီးရရှိထားပါတယ်။

အခုအသစ်မိတ်ဆက်တဲ့ Lux Lavender Lush ရေချိုးဆပ်ပြာရည်ကိုလည်း ပြင်သစ်လာဗင်ပန်းအဆီအနှစ်နဲ့ သံပုရာသီးတို့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ပန်းပေါင်းစုံအဆီအနှစ်တို့နဲ့ဖော်စပ်ထားတာကြောင့် အသားအရေစိုပြည်မှုနဲ့အတူ လန်းဆန်းပြီး သင်းပျံ့တဲ့မွှေးရနံ့တွေလည်း ပေးစွမ်းနိုင်မယ်လို့ သိရပါတယ်။

 

" လာဗင်ဒါပန်းဟာ သူ့ရဲ့ထုံသင်းပြီး စူးရှတဲ့ မွှေးရနံ့တွေကြောင့် လူသိများတဲ့ပန်းတစ်မျိုးပါ။ နောက်ပြီးလာဗန်ဒါပန်းကို ဆေးဘက်ဆိုင်ရာ ကုသမှုတွေမှာလည်း အသုံးပြုလေ့ရှိပါတယ်။ လာဗန်ဒါပန်းဟာ စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှုတွေကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ကျွန်တော်တို့ Lux Lavender Lush ရေချိုးဆပ်ပြာရည် အမျိုးအစားအသစ်ဟာဆိုရင် ပြင်သစ်လာဗန်ဒါပန်းနဲ့ သံပုရာသီးတို့ပေါင်းစ်ထားတဲ့ ပန်းပေါင်းစုံအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အသားအရေကို စိုပြည်နူးညံ့မှုတင်မကဘဲ လန်းဆန်းပြီး သင်းပျံ့သောမွှေးရနံ့ကိုလည်း ရေချိုးတဲ့ အခါတိုင်းမှာ ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ် " လို့ Unilever Myanmar ရဲ့ Personal Care Marketing Director Mr.Nipun Talwar က လာဗန်ဒါပန်းကို အဓိကရွေးချယ်ထုတ်လုပ်ရတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Lux Lavender Lush မိတ်ဆက်ပွဲမှာ ထူးခြားတဲ့အစီအစဉ်နဲ့ မြန်မာနိုင်ငံရဲ့လူသိများထင်းရှားတဲ့ အမျိုးသမီး Blogger နှစ်ဦးနဲ့ပူးပေါင်းပြီး #WeAreMore စကားဝိုင်းကိုပါထည့်သွင်းကျင်းပသွားခဲ့ပါတယ်။ အဆိုပါစကားဝိုင်းမှာ ပါဝင်ဆွေးနွေးပေးသွားခဲ့တဲ့အမျိုးသမီး Blogger နှစ်ဦးကတော့ Beauty Blogger မဖြိုးပြည့်စုံထွန်း@PhyoDayByDay နဲ့ Lifestyle Coach/Blogger မဖြိုးဖြိုးအောင်တို့ပဲ ဖြစ်ပါတယ်။

 

Beauty Blogger မဖြိုးပြည့်စုံထွန်း@PhyoDayByDay နဲ့ Lifestyle Coach/Blogger မဖြိုးဖြိုးအောင်တို့က အမျိုးသမီး တစ်ယောက်အနေနဲ့ စစ်မှန်တဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့အတွက် လိုအပ်ချက်ကို စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှုထောင့်တို့မှနေ၍ ပြည့်ပြည့်စုံစုံဆွေးနွေးသွားခဲ့ကြတာကိုတွေ့ရပါတယ်။

အဲဒီနောက်မှာ Lux Lavender Lush ပစ္စည်းသစ်မိတ်ဆက်ခြင်းကို Fashion Show နဲ့ပေါင်းစပ်ပြုလုပ်ခဲ့ကာ Lux ရဲ့ Brand Ambassador 2018 ဖြစ်သူ Miss Universe Myanmar 2018 နှင်းသွေးယုအောင်က ပူးပေါင်းပါဝင်ခဲ့ပါတယ်။

 

Lux ရဲ့ Lavender Lush မိတ်ဆက်ပွဲကို နိုင်ငံကျော်ရုပ်ရှင်မင်းသမီးအကယ်ဒမီယွန်းယွန်းလည်း တက်ရောက်ခဲ့ကာ ရေချိုးဆပ်ပြာရည်အသုံးပြုမှု သရုပ်ပြမှုများ၊ ဂိမ်းအစီအစဉ်များ၊ Lux ရေချိုးဆပ်ပြာရည် ၈၀၀၀ နဲ့ ၆၀၀၀ ကျပ်ဖိုးအထက်ဝယ်ယူသူတွေအတွက် iPhone X မဲဖောက်ပေးခြင်းနဲ့အခြားကံစမ်းမဲအစီအစဉ်များစွာနဲ့ အောင်အောင်မြင်မြင်ခမ်းခမ်းနားနားကျင်းပသွားခဲ့ပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့ ပစ္စည်းအသစ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာ Lux ကနေပြီး Soft Rose၊ Magical Spell ၊ Camellia White၊ Velvet Jasmine၊ Sakura Bloon နဲ့ Lavender Lush ဆိုပြီး အမျိုးအစား ၆ မျိုးကို တရားဝင်ဖြန့်ချီရောင်းချလျက်ရှိပြီဖြစ် ကာ ဆပ်ပြာခဲ၊ ဆပ်ပြာရည်ဆိုဒ်မျိုးစုံကို နီးစပ်ရာစတိုးဆိုင်၊ စူပါမားကတ်ကြီးတွေမှာ ဝယ်ယူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က