ဒီကနေ့မှာ အမိန့်ချလိုက်တာပ့ါ။

သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရသည့်အမှု ကိုရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ ဒီကနေ့ စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးတိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ပါတယ်။

 

42460480_292481568007410_2934800068739334144_n.jpg 

ဒီနေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ကို သန်းထွဋ်အောင်(ခ)သားကြီး၊ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ကျော်ဇောဟန်(ခ)ကျော်ဇောအပြင် သူတိုရဲ့ ရှေ့နေတွေလည်း လာရောက်ခြင်းမရှိခဲ့ပါဘူး။

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ပါဝင်တဲ့ တရားခံလို့ယူဆရသူတွေကို အမှုရုပ်သိမ်းပြန်လွှတ်ပေးပြီးနောက် ရန်ကုန်တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့က စွဲချက်ပြန်တင်ပြီး ဆင့်ခေါ်မှုတွေပြုလုပ်ခဲ့ပါတယ်။

အောင်ရဲထွေးသေဆုံးမှုမှာ လာဘ်ပေးလာလာဘ်ယူမှုရှိခဲ့လို့ ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိ ငါးဦးနဲ့ အရင် သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူးတို့ကို အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ စက်တင်ဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သရုပ်ဆောင်အောင်ရဲထွေး ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက The One Entertainment Park မှာလူအုပ်စု တစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က