အောက်တိုဘာလ ၅ ရက်နေ့ဆိုရင် ရုံတင်ပြီနော်။

သရုပ်ဆောင်နေတိုးရဲ့ စွန့်စားခန်းအများအပြားကို တွေ့ရမယ့် တည်ကြက်ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၅ ရက်နေ့ ဆိုရင် ရုံတင် ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် မင်းသမီး ၇ ယောက်တို့ရဲ့ ကြိုးစားအားထုတ် မှုတွေကိုလည်း ထပ်ပြီးတော့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။



Photo: တည်ကြက် Page

 

ဇာတ်ကား ရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ တည်ကြက်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် အကယ်ဒမီ နေတိုးက လမ်းပြမုဆိုးတစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုလည်း အောက်တိုဘာလ ၅ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကား ရုံတင်ပြီးတဲ့အချိန်မှာလည်း ကံစမ်းမဲရွေးချယ်မယ့် အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်မှာ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ အမည်တို့ကို ရေးသားပြီး ကံစမ်းမဲ ရွေးချယ်မယ့် အစီအစဉ်ရဲ့ Post အောက်မှာ Comment ပေးရမယ်လို့ ဆိုပါတယ်။  ကံစမ်းမဲရွေးချယ်မယ့် အစီအစဉ်ရဲ့ Post ကိုလည်း ကိုယ်ပိုင် ဖေ့စ်ဘွတ် Wall ပေါ်မှာ Share ထားရမယ်လု့ိ သရုပ်ဆောင် ရွှေသမီးက ပြောပြခဲ့ပါတယ်။

Photo: တည်ကြက် Page

 

တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုလည်း ပါဝင်ထားကြတဲ့ မင်းသမီးချောလေးတွေက သူတို့ရဲ့ ကာရိုက်တာတွေ အကြောင်းကို မိတ်ဆက်ပြောပြခဲ့ပါတယ်။ အရင်ဆုံးအနေနဲ့ နန်းခင်ဇေယျာနဲ့ ချောကလျာတို့ကလည်း စက်တင်ဘာလ ၂၆ရက်နေ့က တည်ကြက် Facebook Live ကနေ တဆင့် အမှတ်တရ စကားတွေ ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ ယဉ်လတ်ရဲ့ ဖိုက်တင်ခန်းတွေကလည်း အရမ်းမိုက်တယ်၊ အဲ့ဒီမှာ နဖူးနဲ့ ဇက်ထိပြီး တော်တော်နာသွားတာ'' လို့ နန်းခင်ဇေယျာက ပြောပါတယ်။ အဲ့ဒီနောက် ချောကလျာ ကလည်း'' ဒီဇာတ်ကားမှာ မင်းသမီးတွေ အကုန်လုံးကအလှခန်းတွေ မပါဘူး။ တောထဲမှာ ရိုက်ထားတာဆိုတော့ မိတ်ကပ်တွေတောင် မလိမ်းရဘူး။ ချော ဆို မိတ်ကပ်တွေတောင်ကွက်တယ်'' လို့ ဆိုပါတယ်။

Photo: တည်ကြက် Page

 

အဲ့ဒီနောက် ဒီ Live ကနေ တဆင့် သရုပ်ဆောင် ရွှေသမီးနဲ့ ယဉ်လတ် တို့ကလည်း သူတို့ရဲ့ ရိုက်ကွင်းပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ သူတို့ရဲ့ အမှတ် တရ အကြောင်းတွေကို ဆက်လက်ပြောပြလာပါတယ်။

'' ရေချိုးရတဲ့ အခန်းဆို အရမ်းကြိုက်တယ်။ ရိုက်နေတယ်လို့ကို မထင်တာ ရေဆော့တာ ဆော့တာ တစ်ယောက်နဲ့တစ်ယောက် ရေတွေ ပက် ပြီးတော့ကို ဆော့တာ။ ဒါရိုက်တာကတော့ အပေါ်ပြန်တက်ကြဖို့ မနည်းခေါ်ရတယ်'' လို့ ရွှေသမီးက ပြောပါတယ်။ အဲ့ဒီနောက် ဖိုက်တင် မင်း သမီးလေး ယဉ်လတ်ကလည်း '' ဒီဇာတ်ကားထဲမှာ သမီးက မရွှေသမီးကို ကြိုက်တာပေါ့'' လို့ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့တာပါ။

တည်ကြက်ဇာတ်ကားထဲမှာ ကရာတေးပညာကို အသုံးချခဲ့တယ်ဆိုတဲ့ နေတိုး 

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုးနဲ့ အတူ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ကြယ်ဖြူရှင်းသန့်၊ ချောကလျာ နှင့် သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကိုတော့ ဘရဏီကျော် က ရေးသားထားပြီး မောင်မြင့်ဆွေက ဇာတ်ညွှန်းပြန်လည်ရေးဖွဲ့ထားပါတယ်။

Photo: တည်ကြက် Page

 

တည်ကြက်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းမှာ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးပြီး လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တာပါ။ ဒီဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါသေး တယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားဆန်းလေးဖြစ်တယ်လို့လည်း ရွှေသမီးက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ ဖူးပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က