ရာသီတွေကအလီလီပြောင်းနေတာဆိုတော့ ဝိုင်တစ်မျိုးတည်းကိုပဲ နွေ၊မိုး၊ဆောင်း ၃ ရာသီလုံးသောက်နေမယ်ဆိုရင် ပျင်းစရာကြီး ဖြစ်နေမှာပေါ့။ ဟင်းအမယ်တွေကိုတောင် ရာသီဥတုနဲ့လိုက်ဖက်မယ့် ဟင်းလေးတွေရွေးချယ်စားကြရသေး တာပဲမဟုတ်လား။
ဒီလိုပြောလို့ ကိုယ့်အကြိုက်ဝိုင်အရသာမဟုတ်ဘဲ လုံးဝမတူတဲ့ဝိုင်အမျိုးအစားကိုပြောင်းသောက်ကြည့်ဖို့ ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အကြိုက်ဝိုင်ထဲမှာပဲ ရာသီဥတုနဲ့လိုက်ဖက်မယ့်ပုံစံမျိုးလေးရွေးချယ်ကြည့်ကြဖို့ပါ။
ယေဘူယျအားဖြင့်တော့ အေးမြတဲ့ဆောင်းရာသီက ဝိုင်နီတွေနဲ့လိုက်ဖက်ပြီး ပူအိုက်တဲ့နွေရာသီကတော့ ဝိုင်ဖြူအမျိုးအစားတွေနဲ့လိုက်ဖက်တယ်လို့ သတ်မှတ်ထားကြပါတယ်။
မကြာခင်ကျရောက်လာတော့မယ့် ဆောင်းရာသီအတွက်ကိုတော့ Jacob's Creek ရဲ့ Sparkling Rose အရသာတွေ ဘယ်လိုကောင်းတယ်ဆိုတာသိနိုင်ဖို့တစ်မျိုးချင်းစီကို မြည်းစမ်းရင်း စာအုပ်ကောင်းလေးတစ်အုပ်နဲ့ ဖြတ်သန်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Jacob's Creek မှာ Moscato နဲ့ Chardonnay- Pinot Noir ဆိုပြီး မတူညီတဲ့ စပျစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ Rose Sparkling Wine ၂ မျိုး ရှိပါတယ်။ နီးစပ်ရာ Supermarket၊ Shopping Mall တွေနဲ့ အခြားဆိုင်တွေမှာ အလွယ်တကူ ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
ရာသီအလိုက် ဝိုင်အမျိုးအစားပြောင်းသောက်ဖို့ဆိုတာ မဖြစ်မနေလုပ်ရမယ့်ကိစ္စကြီးတော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အကြိုက်၊ ကိုယ့်ရဲ့အခြေအနေ၊ အချိန်အခါအလိုက်အကြိုက်တွေ့တဲ့ဝိုင်ကိုဦးစားပေးရွေးချယ်သင့်ပါတယ်။
ဒါပေမဲ့ ရာသီဥတုနဲ့လိုက်ဖက်အောင် ဝိုင်အမျိုးအစားကိုပြောင်းလဲမြည်းစမ်းမကြည့်ဖူးသေးဘူးဆိုရင်တော့ အတွေ့အကြုံအသစ်တစ်ခုအတွက်စမ်းသပ်သုံးဆောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။
Jacob's Creeks မှာတော့ရာသီဥတုနဲ့လည်းလိုက်ဖက်ပြီး ကိုယ့်အကြိုက်ဝိုင်အရသာဘောင်ထဲမှာပဲ ရှိနေစေမယ့် ဝိုင်အမျိုး မျိုးရှိလို့နေပါတယ်။
