တကယ်ကို လမ်းခွဲလိုက်တာပါ။

အလှမယ် ရွှေအိမ်စည်ဟာ သူမရဲ့ Relationship နဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတယ်။ (၂) နှစ်ခွဲကျော်ရှိတဲ့ သူမရဲ့ Relationship ကို အဆုံးသတ်လိုက်ပြီဆိုပြီး ပြောထားတာတွေ့ရပါတယ်။

 

အလှမယ် ရွှေအိမ်စည်ဟာ သူမရဲ့ Relationship နဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတယ်။ (၂) နှစ်ခွဲကျော်ရှိတဲ့ သူမရဲ့ Relationship ကို အဆုံးသတ်လိုက်ပြီဆိုပြီး ပြောထားတာတွေ့ရပါတယ်။ Relationship တစ်ခုမှာ နားလည်မှုတွေ လိုအပ်တယ်တဲ့။ ညှိုနှိုင်းလို့မရတဲ့ အခြေအနေတစ်ခုမှာ ပြတ်သားတဲ့ Decision တစ်ခုကို ချဖို့ လိုအပ်တာကြောင့် သူမအနေနဲ့ ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Miss Golden Land Myanmar 2018 သရဖူရရှိခဲ့တဲ့ ရွှေအိမ်စည်  

"အားလုံးကို အိမ်စည်ပြောစရာတစ်ခုရှိတယ်။အိမ်စည် နှစ်နှစ်ခွဲကျော်ကျော်အထိ အတိုင်းအတာတစ်ခုကို သည်းခံပီးသွားပီ. ဒီနေ့ဒီချိန်အထိလဲ ကိုယ့်ခြေထောက်ပေါ်ကိုရပ်ပြီး ဒီနေရာအထိရောက်အောင် စိတ်ရောလူရောနှစ်အစွမ်းကုန် အိမ်စည်ကြိုးစားခဲ့တယ်. ဒါပေမဲ့ relationship တစ်ခုမှာ နားလည်မှုဆိုတာလိုအပ်တယ်. ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေတစ်ခုမှာ ပြတ်သားတဲ့ decision ကိုချဖို့လိုအပ်တယ်။ အခုချိန်ဟာ အိမ်စည်အတွက်တကယ့်ကိုအရမ်းအရေးကြီးတဲ့အချိန်ပါ ပြိုင်ပွဲအတွက်အများကြီးကြိုးစားပြင်ဆင်နေရတဲ့အပြင် အိမ်စည်အတွက် အခြားဖိအား တွေများ နေတဲ့အတွက် တခြားစိတ်အနှောက်အရှက်ဖြစ်စေမဲ့ အရာတွေအတွက် အိမ်စည်အချိန်မရှိဘူး။

အိမ်စည်နားလည်ပါတယ် လူတွေဆိုတာ အချိန်တန်ရင်ပြောင်းလဲလာတတ်ပါတယ် အဲ့တော့ လက်ရှိအခြေအနေကိုကြည့်ပီးဆုံးဖြတ်ရမှာပဲ. ဒါပေမဲ့နှစ်ယောက်လုံးစိတ်ဆင်းရဲရမယ့်အတူတူ အိမ်စည်တို့ Relationship ကို ဒီမှာပဲအဆုံးသတ်လိုက်ပါပြီ." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

 

သူမရဲ့ ပရိသတ်တွေတချို့ကလည်း အဆုံးသတ်လိုက်တဲ့ သူမတို့ Relation အတွက် စိတ်မကောင်းဖြစ်နေကြသလို တချို့ပရိသတ်တွေကလည်း သူမဘက်က ထောက်ခံအားပေးထားတာကို တွေ့ရပါတယ်ရွှေအိမ်စည်ဟာ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်တော့မယ့်  Miss Supranational 2018 ပြိုင်ပွဲကို ဒီဇင်ဘာလအတွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အကြောင်း ကို လည်း မီဒီယာတွေက နေတဆင့်ပြောပြခဲ့ပါတယ်။

'' ၁၁ လပိုင်းမှာ Camp စဝင်ရမယ်။ ပြိုင်ရမယ့် နိုင်ငံကတော့ ပိုလန်နိုင်ငံပေါ့နော်။ ပြိုင်ပွဲကတော့ ၆ ရက်၊ ၇ ရက်လား မသိဘူး။ ဒါပေမယ့် ၁၁ လပိုင်းမှာ အရင်သွားနှင့်ရမယ်။ ပြင်ဆင်မှုအနေနဲ့ကတော့ အဓိက ဖက်ရှင်အပိုင်းဆိုင်ရာမှာ အရမ်းကို မိုက်နေစေချင်တယ်။ Evening Grown တွေ ကိုလည်း ကြည့်လိုက်ရင် ဝါး လို့ ဖြစ်နေမယ့် အရာမျိုးလေးတွေပြင်ဆင်နေပါတယ်'' လို့  စက်တင်ဘာလ ၄ ရက်နေ့က Palmolive 2018 ပြိုင်ပွဲ ကျင်းပပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ဖြေဆိုခဲ့ပါတယ်။

Photo : ရွှေအိမ်စည် FB

 

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ရွှေအိမ်စည် အတွက်ကိုတော့ အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa-zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ အဲ့ဒါကိုလည်း ဖိစီးမှုတစ်ခုလို့ မမြင်ပဲ ရွှေအိမ်စည်က ကြိုးစားသွားမယ်လို့ ဆက်လက် ပြော ပြခဲ့ပါတယ်။

'' သူတို့တွေ ခန့်မှန်းပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အရေးမပါသေးဘူး။ တကယ်တမ်းကျတော့ ကိုယ့်ကို တောင်မမြင်ရသေးဘူး။ ကိုယ်လည်း Camp တောင် မဝင်ရသေးဘူးဆိုတော့ ကိုယ့်ရဲ့ Activity ရယ်၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာပဲ ချမှတ် ထားတဲ့ Result လေးတွေပေါ့။ အိမ်စည်လည်း ကြိုးစားနေပါတယ်''  လို့ ဆိုပါတယ်။

Photo : ရွှေအိမ်စည် FB

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က