မြန်မာနိုင်ငံကို နိုင်ငံတကာက သိအောင် ပြောပြနိုင်ခဲ့တယ်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာ မကြာခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ Loreal Paris Fashion Show ပွဲကို မြန်မာနိုင်ငံရဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ပထမဆုံး တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာက သိ အောင်၊ စိတ်ဝင်စားအောင် ကြိုးစား နိုင်ခဲ့တယ်လို့ဆိုပါတယ်။


Photo: ဝတ်မှုန်ရွှေရည်ပေ့ချ်

 

နိုင်ငံတကာက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ Loreal Paris Fashion Show ပွဲကြီးက မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခါမှာတော့ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်က တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရရှိခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ကစ်က ဒီခရီးစဉ်ကို လက်ခံလိုက်ကတည်းက အရမ်းကို ပင်ပန်းမယ်ဆိုတာ သိတယ်၊ အားလုံးကလည်း ဒီခရီးနဲ့ ပတ်သက်ပြီးတော့ အမှတ်တ ရ တွေအများကြီးရှိတယ်။ အတွေ့အကြုံသစ်တွေလည်းရှိတယ်။ ပျော်လည်းပျော်ဖို့ကောင်းပါတယ်။ တကယ်လည်း ကိုယ့်ဘဝမှာ အတွေ့ အကြုံ သစ်တွေအများကြီး နိုင်ငံတကာက Celebrity တွေနဲ့ တွေ့ခဲ့ရတာဆိုတော့လေ။ ပြီးတော့ ဒီခရီးစဉ်အားလုံးကလည်း အဆင်ပြေပါတယ်'' ဆိုပါတယ်။

Photo: ဝတ်မှုန်ရွှေရည်ပေ့ချ်

ဝတ်မှုန်ရွှေရည်က ဒီခရီးစဉ်အတွက် အဝတ်အစားပိုင်းအပြင်၊ အသုံးအဆောင်ပစ္စည်းတွေက အစ Guccie Brand တွေ သုံးခဲ့တာဖြစ်ပါတယ်။ ဒီလို အသုံးပြုရတဲ့ သူ့ရဲ့ ဆန္ဒကိုလည်း အောက်တိုဘာလ ၄ ရက်နေ့ ညနေက ဝိန့်စိန် ကြော်ငြာရိုက်ကွင်းပေါ်မှာ ဆက်လက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' အဓိက ကတော့ ကိုယ့်မြန်မာနိုင်ငံရဲ့ မင်းသမီးပေါ့နော်၊ ဒါက ပထမဦးဆုံး မြန်မာနိုင်ငံကို ဖိတ်တာ Loreal Paris က ။ မြန်မာနိုင်ငံရဲ့ မင်းသမီးအနေနဲ့ ပထမဦးဆုံး တက်ရောက်ရတဲ့ ပွဲ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအတွက် ဝတ်ပေးတာမျိုးပေါ့နော်။ သြော်.. ဒါ မြန်မာပြည်က မင်းသမီးပဲ ဆိုတာကို သတိထားမိအောင်ပါ'' လို့ သူကဆိုပါတယ်။

Photo: ဝတ်မှုန်ရွှေရည်ပေ့ချ်

 

Loreal Paris Fashion Show ကို နိုင်ငံအရပ်ရပ်မှာရှိတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီမှာမှ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကလည်း မြန်မာပြည်ကို နိုင်ငံတကာက အနုပညာရှင်တွေ သိအောင်၊ စိတ်ဝင်စားအောင် ပြောပြနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

'' လာမေးကြတယ်၊ နင်ဘယ်ကလဲ ဆိုရင် မြန်မာပြည်က။ တချို့ မြန်မာပြည်က ဆိုရင် မသိကြဘူးလေ။ ပြန်ရှင်းပြရတယ်။ အဲ့ဒါဆိုရင် သူတို့ စိတ်ဝင်စားသွားတယ်။ နည်းနည်းတော့ ကိုယ့်ကို သူတို့ သတိထားမိသွားကြတဲ့ ပုံစံမျိုးတော့ မြင်ရတယ်။ တချို့ကျတော့လည်း မြန်မာပြည် ဆိုတာ ဘယ်ကလဲပေါ့။ အဲ့ဒါနဲ့ ပြန်ရှင်းပြရတယ် အဲ့ဒီအတွက် သူတို့ သိသွားကြတယ်ပေါ့။ သိတဲ့သူတွေလည်း ရှိကြပါတယ်'' လို့ ဖြေဆို ထားပါတယ်။

Photo: ဝတ်မှုန်ရွှေရည်ပေ့ချ်

 

အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က