ရန်ကုန်မှာ walking path လုပ်ဖို့အစီအစဉ်ရှိမရှိနဲ့ ပါတ်သတ်ပြီးမေးမြန်းခဲ့တာပါ။
 

ရန်ကုန်တိုင်းအတွင်းမှာ ခရီးသွားလာမှုကဏ္ဍ တိုးမြှင့်စေဖို့အတွက် ပြည်တွင်း၊ပြည်ပသွားတွေ နေရာဖန်တီးမှု walking path တွေကိုလုပ်ဆောင်သွားမယ်လို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်



ရန်ကုန်တွင်ပြုလုပ်ခဲ့သည့် လမ်းလျှောက်ခရီးစဉ်တစ်ခု

 

ရန်ကုန်တိုင်းလွှတ်တော်မှာ အောက်တိုဘာလ ၄ ရက်နေ့ က ကျောက်တံတားအမတ်ရဲ့ ရန်ကုန်မှာ walking path လုပ်ဖို့အစီအစဉ်ရှိမရှိနဲ့ ပါတ်သတ်ပြီးမေးမြန်းခဲ့တာပါ။

ရန်ကုန်ကိုလာတဲ့ ခရီးသွားတွေမှာ free indepentdent traveler (FIT) နဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်လာရောက်တဲ့သူတွေရှိပြီးတော့ ခရီးသွားတွေအားလုံးက ရန်ကုန်က သာသနာ့အဆောက်အအုံတွေ၊ ကိုလိုနီခေတ်လက်ရာအဆောက်အအုံတွေနဲ့ အခြားနေရာတွေကို ဦးစွာလည်ပတ်ပြီးတော့ အခြားမြို့နယ်တွေကို သွားတာဖြစ်ပြီး ကုမ္ပဏီတွေကလည်း လမ်းလျှောက်တဲ့အစီအစဉ်နဲ့ Tour တွေကို ရေးဆွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆူးလေဘုရား၊ မြို့တော်ခန်းမ-ဗန္ဒုလပန်းခြံ၊ တရားရုံးချုပ်၊ကြေးနန်းရုံး ၊ အာမေးနီးယန်းဘုရားရှိခိုးကျောင်း၊ ဝန်ကြီးများရုံး၊ စိန့်မေရီဘုရားကျောင်း စတဲ့နေရာတွေကို walking path အနေနဲ့ ရေးဆွဲလုပ်ဆောင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။

မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကလည်း ရန်ကုန်ရဲ့ အမွေအနှစ်တွေထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ လေ့လာခြင်းအတွက် ရန်ကုန်မြို့တွင်းလမ်းလျှောက်ခရီးစဉ်ကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က