အားလုံး ဝမ်းနည်းကြေကွဲနေကြပါတယ်။

ဝေဠုကျော်နဲ့ မင်းသွေးဟာ ပရဟိတအလုပ်တွေကို အတူတူလုပ်ခဲ့ဖူးသူတွေပါ။ မင်းသွေးရဲ့  ဈာပနအတွက် ကိုယ်တိုင် ကား မောင်းပြီး လိုအပ်တာတွေကို လုပ်ပေးနေတဲ့ ဝေဠုကျော်ဟာ မင်းသွေးပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကြားယောင်နေမိ တယ်လို့  ဆိုပါတယ်။



 

သရုပ်ဆောင် မင်းသွေး ရုတ်တရက် ဆုံးပါးသွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး  ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ၊ မိတ်ဆွေတွေအားလုံး ဝမ်းနည်းကြေကွဲနေကြ ပါတယ်။ အဲ့ထဲမှာမှ မင်းသွေးရဲ့ ဈာပနကိစ္စကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ပေးနေတဲ့ ဝေဠုကျော်လည်း အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။

ဝေဠုကျော်နဲ့ မင်းသွေးဟာ ပရဟိတအလုပ်တွေကို အတူတူလုပ်ခဲ့ဖူးသူတွေပါ။ မင်းသွေးရဲ့  ဈာပနအတွက် ကိုယ်တိုင်ကားမောင်းပြီး လိုအပ်တာတွေကို လုပ်ပေးနေတဲ့ ဝေဠုကျော်ဟာ မင်းသွေးပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကြားယောင်နေမိတယ်လို့  ဆိုပါတယ်။

 

"ညီ အကို့ကိုပြောခဲ့တဲ့ စကားတွေထဲက တစ်ခုကို မေ့မရဘူးကွာ အကိုအသက်ကြီးလို့ ဒီအလုပ်တွေ ကနားတဲ့အခါ ကျွန်တော်က အကို့နေရာ ကနေ ဆက်လုပ်သွားမှာပေါ့တဲ့ ၊ ခု အကို မနားသေးဘူးလေ ညီက ဘာလို့ လောကကြီးထဲကနေ အပြီး နားသွားရတာလည်းကွာ ၊သေခြင်း နဲ့ မနက်ဖြန် ဘယ်အရာက ပိုနီးသလည်း ဆိုတာကို အသိ နဲ့ သတိ ရှိစေဖို့ မင်း သက်သေ ပြသွားတာလား။" ဆိုပြီး မင်းသွေးပြောခဲ့တဲ့ စကားလေးကို ပြန်ရေးရင်း ဝမ်းနည်းလို့နေပါတယ်။

ကွယ်လွန်သွားတဲ့ မင်းသွေးအတွက် ရင်ဖွင့်စကားဆိုလာတဲ့ ဖွေးဖွေး 

"တစ်ချိန်မှာ မင်းက ငါ့အသုဘကိုလိုက်ပို့ရင်း စိတ်ချသွားပါအကို အများအတွက် ကျွန်တော်အမြဲရှိနေပါ့မယ်လို့ ပြောတဲ့စကားကို ငါကြားရလိမ့် မယ်လို့ ငါတွေးထားတာ ခုတော့ မင်းဈာပနကို ငါစီစဉ်နေရပြီ ။ဟိုး ကဒ် ပြန်ရိုက်မယ် ဆိုပြီး ငါ့ညီပြန်ထလာပါစေလို့ မပြည့်နိုင်မှန်းသိတဲ့ ဆုကို တောင်းနေမိတယ် ။မရဏမင်းရယ် လူမှားခေါ်တာလားဗျာ စောလွန်းပါသေးတယ် . ." ဆိုပြီး ဝေဠုကျော်က သူ့ရဲ့ ခံစားချက်ကို အောက်တိုဘာ (၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားထားတွေ့ရပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ရာက နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ တနင်္ဂနွေနေ့ကျရင် ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို့ မင်းသွေးရဲ့ဦးလေးတော်စပ်သူ ဦးမြင့်လွင်ရဲ့ ပြောစကား အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က