အလှမယ် မိုးစက်ဝိုင်ဟာ သူအခက်အခဲ ဖြစ်ချိန်တုန်းက ကူညီခဲ့ဖူးတဲ့ အလှမယ် အေးချမ်းမိုးအကြောင်း နဲ့ ရွှေအိမ်စည့် အပေါ်မှာလည်း ယုံကြည်မှုရှိတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ လိုအပ်ချိန်မှာ ကူညီခဲ့ဖူးတဲ့ သူတွေကို အမြဲ ပြန်ကူညီနိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။
Photo: MOe Sat Wine Fb
အလှမယ် မိုးစက်ဝိုင် နဲ့ အလှမယ် အေးချမ်းမိုး တို့ရဲ့ ရင်းနှီးမှု အကြောင်းတွေကို ရင်ဖွင့်ပြောဆိုလာပါတယ်။ ဘယ်သူမှ မသိသေးတဲ့ သူ့ရဲ့ ပြဿနာ တစ်ခုကို အေးချမ်းမိုးက ဖြေရှင်းပေးခဲ့သလို၊ အေးချမ်းမိုး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကိုလည်း သူက ပြန်လည် ဖြေရှင်းပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
''မှတ်မှတ်ရရ မိုးစက်ဆုရပြီး 2013 oct လ ၅ ရက်တုန်းက မိုးစက် ပြိုင်ကားစီးတဲ့ ပြဿနာတက်တယ်။ ချမ်းမိုးက မိုးစက်ကို မဆီမဆိုင် ဝိုင်း ပြောပေးဖြေရှင်းပေးခဲ့ဖူးပါတယ်။ ဘယ်သူမှမမှတ်မိပေမဲ့ မိုးစက်တော့မှတိမိတယ်။ အဲ့ကျေးဇူးကို ၂၀၁၇ oct မှာ သူပြသနာတက်တော့ ကိုယ်ပါအဆဲခံရမယ် ဆိုတာသိသိရက်နဲ့ ကျေကျေနပ်နပ် ရပ်တည်ပြီး ကျေးဇူးဆပ်ခဲ့ပါတယ်။ ချမ်းမိုးလေးရဲ့ ပြိုင်ပွဲအတွက်လည်း ပြန်တွေးတိုင်းကျေနပ်ပါတယ်'' လို့ သူကဆိုပါတယ်။
မိုးစက်ဝိုင်နဲ့ အေးချမ်းမိုးတို့ဟာ Miss Universe Myanmar 2013 ခုနှစ်ပြိုင်ပွဲမှာ အတူတူ ပါဝင် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်ကတော့ Winner ဆုကို ရခဲ့ပါတယ်။ အေးချမ်းမိုးကတော့ 1 st Runner Up ဆုုကို ရရှိခဲ့တာဖြစ်ပါတယ်။
Photo: Aye Chan Moe Fb
အဲ့ဒီနောက် အခုလက်ရှိမှာ Miss Golden Land Myanmar 2018 ရဲ့ သရဖူကို ရယူထားနိုင်တဲ့ အလှမယ် ရွှွေအိမ်စည်ကိုလည်း အောင်မြင် မယ်ဆိုတာ ယုံကြည်တယ် လို့ ပြောပြခဲ့ပါတယ်။
'' ခုဆို အိမ်စည်လေးကလည်း Miss Golden Land Myanmar 2018 တောင်ဖြစ်နေပြီ။ Golden land miss မရလည်း ရွှေအိမ်စည်သည် အောင်မြင် တဲ့ အနုပညာရှင်ဖြစ်မယ်ဆိုတာယုံကြည်ပြီးသားပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေး သားခဲ့တာဖြစ်ပါတယ်။
Miss Golden Land Myanmar 2018 သရဖူရရှိခဲ့တဲ့ ရွှေအိမ်စည်
Photo: Shwe Eain Fb
မိုးစက်ဝိုင်ဟာ အေးချမ်းမိုး နဲ့ ရွှေအိမ်စည် တို့ရဲ့ အပေါ် ထားတဲ့ သဘောထားကိုပြောပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတွေ အပြန်အလှန်ရှိပြီး အားပေးကူညီတတ်ခဲ့ကြဖူးတယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။
''မိုးစက်ရဲ့ ခံယူချက်တစ်ခုဖြစ်တဲ့ ကိုယ့်ကို လိုအပ်တဲ့အချိန်မှာ ကူညီဖူးတဲ့ လူတိုင်းကို တစ်ချိန်မှာ ပြန်ကူညီပေးနိုင်တဲ့ သူဖြစ်အောင် အမြဲ ကြိုးစားသွားရင်း ပြီးခဲ့တဲ့ ၁ နှစ်က အမှတ်တရတခုပြန်ပေါ်လာလို့ ပြန်ရှဲလိုက်ပါတယ်။ အားလုံးကောင်းသောနေ့ လေးဖြစ်ပါစေရှင့် ''ဆို ပြီးတော့ အေးချမ်းမိုးရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံလေး တင်ခဲ့ပါတယ်။
Photo: MOe Sat Wine Fb
မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။
Share