ဟိုအရင်ချိန်က သီချင်းအများစုရဲ့ MTV ထဲမှာ မပါမဖြစ် ပါဝင်တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူမဟာ ပရိသတ် အားပေးမှုရရှိခဲ့ သူလည်း ဖြစ်ပါတယ်။
အနုပညာလောကနဲ့ (၁၅)နှစ်နည်းပါး ဝေးကွာသွားခဲ့တဲ့ မင်းသမီးဟောင်း ဆုမြတ်ရွှေစင်က လက်ရှိမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဟိုအရင်ချိန်က သီချင်းအများစုရဲ့ MTV ထဲမှာ မပါမဖြစ် ပါဝင်တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူမဟာ ပရိသတ် အားပေးမှုရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မီးမီးခဲရဲ့ "အပြာရောင်နေ့လေး" သီချင်းနဲ့ ပရိသတ်တွေ ပိုသိခဲ့တဲ့ သူမဟာ လက်ရှိမှာတော့ မိသားစုလေးကို အချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။သားနဲ့သမီးလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင် Gym လေးကိုလည်း ဖွင့်ထားတယ်တဲ့။
"အမကလက်ရှိမှာ ကလေးလေးတွေရဲ့ ကျောင်းကိစ္စနဲ့ ကိုယ်ဝါသနာပါတာလေးတွေ လုပ်နေတယ်။ အမက အမျိုးသမီး သီးသန့် Gym တစ်ခု ဖွင့်ထားတယ်။ သားသားနဲ့ သမီးလေးတို့အတွက် အားတဲ့အချိန်မှာ မုန့်လေးတွေ လုပ်ကျွေးလို့ရအောင် မုန့်သင်တန်းတွေ တက်တယ်။ အဲ့ဒါ တွေနဲ့ပဲ အလုပ်တွေ ရှုပ်နေတာပါ။ အမ Gym ခန်းက သုဝဏ္ဏဘက်မှာ ဖွင့်ထားတာပါ။ အနုပညာအလုပ်တွေလည်း မလုပ်ဖြစ် တာတော်တော ်ကြာပြီပေ့ါ(၁၅)နှစ်လောက်ရှိသွားပြီ။ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ပါပဲ" လို့ အောက်တိုဘာ(၃) ရက်နေ့က ပြုလုပ်တဲ့ သက်ကြီးဘိုးဘွား များအ တွက် အလှူငွေ ပေးအပ်ပွဲမှာ ပြောပြခဲ့တာပါ။
အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာ ကျန်နေပေမယ့် မိသားစုနဲ့ အလုပ်တွေရှုပ်နေတာကြောင့် သူမဝါသနာပါတဲ့ အနုပညာဘက်ကိုတော့ အချိန်မပေးနိုင်တာလို့ ဆိုပါတယ်။
"အရင်တုန်းကနဲ့ အခုဘာတွေကွာခြားသွားပြီလဲဆိုုတော့ အခုကတော့ ကိုယ့်မိသားစုနဲ့ ကိုယ်အလုပ်တွေ ရှုပ်နေတယ်။ အနုပညာပိုင်းကတော့ ကိုယ်ဝါသနာတော့ပါတယ်။ ဒါပေမယ့် အချိန်မပေးနိုင်တဲ့အတွက် မလုပ်ဖြစ်တာပါ။ကိုယ့်ဝါသနာလေးကတော့ ကျန်တာပေ့ါနော်။ တစ်ခါတလေ ကိုယ့်အနုပညာမောင်နှမတွေနဲ့ တွေ့တဲ့အခါ အရင်တုန်းက ရိုက်ခဲ့တာတွေကိုတော့ ပြန်သတိရတယ်။" ဆိုပြီး သူမက ဆက်လက်ပြောပြ ထားပါ သေး တယ်။
MTV သီချင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူမဟာ လက်ရှိမှာ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး သူတို့အတွက်ပဲ အချိန်ပို ပေးဖြစ် နေပါတယ်။ အသက်(၈)နှစ်ရှိပြီဖြစ်တဲ့ သားလေးနဲ့ အသက်(၅)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးတို့ကို ပိုင်ဆိုင်ထားပါတယ်။ သားနဲ့သမီး အတွက် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရမှ ကျေနပ်သူ သူမအတွက် သူတို့လေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖြစ်နေသူလည်း ဖြစ်ပါတယ်။