Captain America အဖြစ် ဇာတ်ကား ၁၀ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

စူပါဟီးရိုးပရိသတ်တွေ အသည်းစွဲ မင်းသားခရစ်အီဗန်တစ်ယောက် Captain America အဖြစ်ကနေ အနားယူတော့မယ်လို့ ဆိုပါတယ်။ ခရစ်ဟာ Captain America အဖြစ် ရှစ်နှစ်ကြာ သရုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါဇာတ်ကောင်အဖြစ်ကနေ အနားယူတော့မှာဖြစ်ပါတယ်။

Captain America (Photo: Jay Maidment/Marvel/Wal Disney/Kobal/REX/Shutterstock)



မင်းသားခရစ်ဟာ Captain America: The First Avenger ဇာတ်ကားမှစပြီ Captain America အဖြစ် ဇာတ်ကား ၁၀ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခရစ်က Avengers ဇာတ်ကားမှာ Iron Man, Thor, Hulk, Black Widow နဲ့ Hawkeye တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ယခုအခါ Marvel ရဲ့ ၂၂ ခုမြောက် ဇာတ်ကားဖြစ်တဲ့ Avengers 4 ရိုက်ကူးမှုပြီးဆုံးခဲ့ပြီးနောက် ခရစ်က Captain America အဖြစ် သရုပ်ဆောင်ရခြင်းဟာ ဂုဏ်ယူစရာတစ်ခု ဖြစ်တယ်လို့ Twitter မှာ ပြောခဲ့ပါတယ်။

မင်းသားခရစ်က Captain America ဇာတ်ကောင်နဲ့ ပတ်သက်ပြီး "ရထားပေါ်ကနေ သူတို့က ခင်ဗျားကို တွန်းမချခင်မှာ ခင်ဗျား ဆင်းသွားချင်မှာပေါ့" လို့ ယခင်က ပြောထားခဲ့ဖူးပါတယ်။

Captain America မင်းသားချော ခရစ်အီဗန် (Photo: David Fisher/REX/ Shutterstock)



Avengers ဇာတ်ကားတွေမှာ အဓိက ဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ အများအပြားဟာလည်း Avengers 4 ဇာတ်ကားအပြီးမှာ ကုမ္ပဏီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီလို့ သိရပါတယ်။

ယခုနှစ်အတွင်း နောက်ဆုံးထွက်ရှိထားတဲ့ Avengers: Infinity War ဇာတ်ကားမှာ အဓိကဇာတ်ကောင် အများအပြား သေဆုံးခဲ့ပုံရတာကို ပရိသတ်တွေ ကြည့်ရှုခဲ့ကြရပါတယ်။

Avengers: Infinity War ဇာတ်ကားထဲက အဓိကဇာတ်ကောင်တွေ မည်သို့ဖြစ်သွားခဲ့တယ်ဆိုတာကိုတော့ လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Avengers ဇာတ်ကားအသစ်မှာ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Avengers: Infinity War ဇာတ်ကားမှာ ဇာတ်ဝင်ခန်း (Photo: JAB Promotion/REX/Shutterstock)



Captain America ဘဝကို စွန့်လွှတ်တော့မယ့် မင်းသားခရစ်ဟာ ယခင်ကလည်း ကာတွန်းဇာတ်ကောင်ကို ပုံဖောက်ရိုက်ကူးထားတဲ့ Fantastic Four ဇာတ်ကားတွေမှာ လူသားမီးတောက် (Human Torch) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ခရစ်က ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fantastic Four ဇာတ်ကားတွေမှာ မင်းသမီး ဂျက်ဆီကာ အယ်လ်ဘာနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

၁၉၉၉ ခုနှစ်မှာ အနုပညာလောကကို အမျိုးသားမော်ဒယ်အဖြစ် ဝင်ရောက်ခဲ့တဲ့ ခရစ်ဟာ ဘော့စတွန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး နယူးယော့ခ်က ရုပ်ရှင်သင်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က