ဝတ်မှုန်ရွှေရည်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူတို့ နှစ်ဦးဟာ အနုပညာ အလုပ် တွေ မှာလည်း လက်တွဲညီညီ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်ဖေ့စ်ဘွတ်
သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည်ဟာ အောက်တိုဘာလ ၃ ရက်နေ့ညမှာ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် မင်းသွေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကိုလည်း ရင်ဖွင့်စကားဆိုထားပါတယ်။
''မနေ့က ကိုမင်းသွေးအိမ်ကို သွားတော့ အစ်ကို့အမေ အရီးကို ကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်လူတိုင်းတစ်နေ့ သွားရမယ့်လမ်း ဆိုတာသိနေပေမယ့် ရုတ်တရက်ကြီးထွက်သွားတော့ ယူကျိုးမရဖြစ်နေရှာတယ်။ ကိုမင်းသွေး ရယ် ကောင်းမှုတွေ အများကြီးလုပ်ခဲ့တာ ကောင်းရာဘုံကိုရောက်မှာပါ'' လို့ သူကဆိုပါတယ်။
Photo: မင်းသွေးဖေ့စ်ဘွတ်
ဝတ်မှုန်ရွှေရည်နဲ့ မင်းသွေးတို့ဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ မှာ အတူတွဲသရုပ်ဆောင်လာကြတာဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး နဲ့ ဝတ်မှုန်ရွှေရည်တိ့ု ပါဝင်သရုပ်ဆောင်ထားတဲ့ '' ချစ်ခြင်းဖွဲ့သီသော'' ဗီဒီယို ဇာတ်ကားကလည်း ပရိသတ်ကြားမှာ အောင်မြင်မှုရခဲ့ပါသေး တယ်။
''အစ်ကို့ရဲ့ကောင်းမွန်တဲ့စိတ်ထား အားလုံးအပေါ်ဖော်ရွေတတ်တာတွေကြောင့် အကို့ကိုအောက်မေ့သတိရနေမှာပါ။ ကောင်းရာသုဂတိ လားပါစေ။ Rest in peace ပါအစ်ကိုရေ'' ဆိုပြီးတော့ ဝတ်မှုန်ရွှေရည်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီက ရေး သားခဲ့တာဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်ဖေ့စ်ဘွတ်
ဝတ်မှုန်ရွှေရည်ရဲ့ အိမ်ထောင်ရေးအကြောင်းပြောလာတဲ့ မေမေဒေါ်မီမီလွင်
မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
Photo: မင်းသွေးဖေ့စ်ဘွတ်
သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။