ပရိသတ်တွေနဲ့အတူ ကုသိုလ်ပြုခဲ့တာပါ။

ကလေးဆေးရုံမှာရှိတဲ့ လူနာ အယောက် (၅၀၀)အတွက် နေ့လည်စာ ထမင်း၊ကြက်သားဟင်းနဲ့ပဲဟင်းတို့ကို သွားရောက်လှူ ဒါန်းခဲ့တာ ဖြစ်ပါတယ်။



အလှူလုပ်နေစဉ်

 

အဆိုတော် ဆိုဖီယာဟာ သူမရဲ့ ချစ်ပရိသတ်တွေနဲ့အတူ အောက်တိုဘာ(၄) ရက်နေ့က ရန်ကုန်မြို့ ကလေးဆေးရုံမှာ နေ့လည်စာ သွားလှူခဲ့ တယ်လို့ သိရပါတယ်။အလှူမလုပ်ခင်ကတည်းက ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ကို ဖိတ်ခေါ်ထားခဲ့တာပါ။ ကလေးဆေးရုံမှာရှိတဲ့ လူနာ အယောက် (၅၀၀)အတွက် နေ့လည်စာ ထမင်း၊ကြက်သားဟင်းနဲ့ပဲဟင်းတို့ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အတူ ကုသိုလ်ပြုခဲ့ရတဲ့ ဆိုဖီယာတစ်ယောက် ပျော်လို့နေပါတယ်။

 

"Sophia Everest 7 ရက်သားသမီး များ အား ရည်စူး၍ ဒီနေ့ အလှူလေး ပြီးမြောက်သွားပါပြီ။ လာရောက် ကူညီပေးတဲ့ Aung Wynn Zaw Pyae Phyo နဲ့ Sowitchies အဖွဲ့သားများ အားလုံးကို ကျေးးဇူးတင်ပါတယ်။နောက် အလှူ တွေ မှာလည်း လာရောက်ကူညီပါဝင်ဖို့ ဖိတ်ခေါ် ပါတယ်" ဆိုပြီး အောက်တိုဘာ(၄) ရက်နေ့ ညပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

 

Myanmar Idol အစီအစဉ်ကနေ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ဆိုဖီယာဟာ ပရိသတ်တွေ သီချင်းအသစ်တွေနားဆင်နိုင်ဖို့ကို လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ ပထမအခွေတုန်းကလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဆိုဖီယာဟာ  သူမရဲ့ ဒုတိယအမြောက် အခွေဖြစ်တဲ့ "နင့်ရဲ့" ဆိုတဲ့ စီးရီးကိုလည်း ၂၀၁၈ခုနှစ်၊ မတ်လ(၁၈) ရက်နေ့က ထွက်ရှိခဲ့ပါသေးတယ်။

အမိုက်စားရိုက်ကူးမှုတွေနဲ့ ထွက်ရှိလာတဲ့ စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာ တို့ရဲ့ Music Video  

အဲ့ဒီနောက်ပိုင်းမှာ single song အနေနဲ့ဖန်းတီးပြီး အွန်လိုင်းကနေ ပရိသတ်တွေအတွက် တင်ပေးခဲ့တာတွေလည်း ရှိပါတယ်။Myanmar Idol ပြိုင်ပွဲမှာကတည်းက လူသိများခဲ့တဲ့ ဆိုဖီယာအဲဗားရက်စ်က အဆိုပိုင်းတင်မက သရုပ်ဆောင်ဘက်မှာ လည်း အိုက်တင်ပီပြင်အောင် သရုပ်ဆောင်နိုင်သူပါ။

 

သူမနဲ့ မေကြည်တို့အတူ ပါဝင်ထားတဲ့ နောက်ကျောကဓားဆိုတဲ့ ဇာတ်ကားနဲ့ နောင်ဘယ်တော့မှမမုန်းဆိုတဲ့ ဇာတ်ကားတို့မှာလည်း ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က