အောက်တိုဘာလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါတဲ့။

အေးမြတ်သူဟာ သူအရမ်းချစ်ရတဲ့ အဘွားကို အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။ သားသမီး၊ မြေး၊ မြစ်တွေ အပေါ် တာဝန်ကျေတဲ့အဘွားအတွက် သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။



Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်အေးမြတ်သူဟာ အောက်တိုဘာလ ၄ ရက်နေ့က သူအချစ်ရဆုံး အဘွားကို ဆုံးရှုံးလိုက်ရတယ်လို့ဆိုပါတယ်။ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ  အပေါ် အရမ်းတာဝန်ကျေသလို၊ အားလုံးရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဘွားအတွက် သူ့ရဲ့ ခံစားချက်တွေကို အခုလို ဖွင့်ဟ လိုက်တာဖြစ်ပါတယ်။

''မူကြိုလွန်အရွယ်တုန်း က အဖေ ရဲ့ အမေ (အဖွားဒေါ်တင်ရီ) ဆုံးသွားတုန်း က အိမ်အပေါ်ထပ် က ပြတင်းပေါက်ကနေ လှမ်းကြည့်ပြီး ကစား ဖော်အဖွားတယောက် ဆုံးသွားလို့ ဘယ်သူမှ မသိအောင် ရိူက်ကြီးတငင်ငိုခဲ့တာ ခုထိ မှတ်မိနေ သေးတယ်။ အခု အသက် ၃၃နှစ် မှာ အမေ ရဲ့ အမေ (အဖွားဒေါ်ခင်မြဦး) ဆုံးတဲ့ အချိန် မှာတော့  သိသိချင်း ငိုလို့မရခဲ့ ဘူး။ ရင်ဘတ်ကြီးကြပ်နေတယ်။ အဖွား တာဝန်ကျေ ခဲ့တာတွေ ဘဲ မြင်ယောင်နေခဲ့တယ်'' လို့ဆိုပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

အေးမြတ်သူဟာ အဘွားရဲ့ မြေးထဲမှာတော့ အကြီးဆုံး မြေးမလေးဖြစ်ပါတယ်။ ငယ်ငယ်က အဘွားဖြစ်သူရဲ့ ရုံးမှာ ဆော့ကစားခဲ့ရတာတွေ၊ အဆင်မပြေတဲ့ သူမတို့ မိသားစုအတွက် အဘွားရဲ့ ထောက်ပံ့မှုရခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ အေးမြတ်သူရဲ့ မိခင်အတွက်တော့ အဘွား ဟာ မိခင်ကောင်းဖြစ်ပြီး အေးမြတ်သူအတွက်တော့ အဘွားကောင်းတစ်ယောက်ဖြစ်တယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

''ရှိသမျှမြေးတွေအားလုံး ၁၀တန်း နှစ်ခြင်းပေါက်အောင်ဖို့  မိဘ တွေထက် ပိုပင်ပန်းခံခဲ့တဲ့ အဖွား။ ဂဂျီဂဂျောင် ကျတက်တဲ့ ဆယ်တန်း ကျောင်းသား မြေး တွေ အတွက် အဖွား က အမြဲတမ်း လူမိုက်ကြီးပါ။ အဖွားမြေးမအကြီးဆုံး သမီး က သိတာပေါ့။ မိဘ အတွက် မိဘ နဲ့ ဝေး ပြီး တခြားနေရာမှာ အလုပ် လုပ်နေခဲ့ရတဲ့ မြေးမကြီး အတွက် အဖွားက တကယ့် အဖော်မွန်ကောင်း ဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင် ဌက်သိုက် ဘူးလေး ဝယ်မသောက်ရက်တဲ့အဖွား မြေးမကြီး ကိုတော့ ညတိုင်း သတိတရတိုက်ခဲ့ဖူးတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

အေးမြတ်သူက သူရရှိတဲ့ အနုပညာကြေးတချို့ကို အဘွားဖြစ်သူကို အပ်တယ်လို့ ဆိုပါတယ်။ ဒီငွေကြေးတွေကိုလည်း အဘွားက မသုံးစွဲပဲ လိုအပ်ချိန်တိုင်းပြန်ထုတ်ပေးတတ်တယ်လို့ ဆိုပါတယ်။ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေအပေါ် အစစအရာရာ အနစ်နာခံတတ်တဲ့ အဘွား အကြောင်းကို အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

''အပ်တဲ့ ပိုက်ဆံလေးတွေ စုပေးတယ်။ တောင်းတဲ့အချိန်တိုင်းလည်း မငြီးမငြူပြန်ပေးတက်တဲ့အဖွား။ မြေးတွေ အဆင်ပြေနေရင်။ သားသမီး တွေ အဆင်ပြေနေရင် ပါးချိုင့်ကြီး၂ဖက် ခွက်နေအောင် ပြုံးတက်တဲ့ အဖွား နောက်ဆုံး မြစ်ကလေး နဲ့ ဆော့နေချိန်ထိ ပါးချိုင့်ကြီး ခွက်နေတာ ဘဲ အဖွားရယ်။ အမေ့ထက်တောင် ပိုရင်းနှီးခဲ့တဲ့ အဖွား ရဲ့ နောက်ဆုံးအချိန်အဖွား စောင့်ရှောက်ခဲ့တဲ့ မြေးမကြီး အဖွား ကို လာမကန် တော့ နိုင် ခဲ့တာ အရမ်းစိတ်ထိခိုက်ရပါတယ်။ အဖွား တာဝန်ကျေခဲ့ သလို မြေးမကြီး လည်း အဖွားချစ်တဲ့ သားသမီးတွေ အပေါ် တာဝန်ကျေအောင်

ကြိုးစားပါ့မယ်'' လို့ ဆိုပါတယ်။

ခန္ဓာကိုယ်လှလှလေးရဖို့ ကြိုးစားခဲ့ပုံတွေကို ပြောလာတဲ့ အေးမြတ်သူ 

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

အေးမြတ်သူဟာ အနုပညာအလုပ်တွေ လုပ်နေရင်းက အဘွားဖြစ်သူ ကွယ်လွန်သွားတဲ့ သတင်းကြောင့် အရမ်းကို ကြေကွဲဝမ်းနည်းခံစားနေရ တာကို တွေ့ရပါတယ်။ အေးမြတ်သူပါဝင်သရုပ်ဆောင်ထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာသေးခင်က ရန်ကုန်မြို့မှာ ရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာဖြစ်ပြီး နယ်မြို့တွေမှာလည်း ပြသလျှက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က