မင်းသွေးကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြောင့်ဟာသလူရွှွင်တော်ကြီး မန်းဝင်းကလည်း ကျန်းမာရေးမကောင်းတဲ့ ကြားက မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်တာကြောင့် မင်းသွေးရဲ့ နေအိမ်ကို သွားရောက်နှစ်သိမ့်စကားပြောခဲ့ပါတယ်။ ဦးမန်းဝင်း အပေါ်မှာလည်း နေတိုးတိ့ု မိသား စုက ဧည့်ဝတ်ကျေပွန်ခဲ့ကြတယ်လို့ဆိုပါတယ်။
Photo: ကြည်ဖြူမန်းဝင်းဖေ့စ်ဘွတ်
သရုပ်ဆောင်မင်းသွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြားရခြင်းမှာပဲ ကျောက်ကပ်ရောဂါနဲ့ အိပ်ရာထဲ လဲနေတဲ့ ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းက မင်းသွေးတို့အိမ်ကို အားတင်းပြီး သတင်းသွားမေးခဲ့ပါတယ်။ တကယ်တမ်း ဆုံးပြီလို့ နာမည်ထွက်နေတာက ဦးမန်းဝင်းဖြစ်ပြီး တကယ်တမ်း ကွယ်လွန်ခဲ့တာက မင်းသွေးဖြစ်နေတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။
''သြော် ဆုံးပြီဆိုပြီး နာမည်တွေ ၄ခါလောက်ကြီးနေတာက ဖေဖေဦးမန်းဝင်း။ မနက်ပိုင်းမှာ စင်ကာပူနိူင်ငံမှာရှိနေပြီး ညနေပိုင်းအထိ အကောင်းအတိုင်းရှိနေပေမဲ့ ညပိုင်းမှာ နာရီပိုင်းမဟုတ်တဲ့ မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာ ရုတ်တရက် ဆုံးပါးကွယ်လွန်သွားတာက မောင်လေးမင်းသွေး။ ဖေဖေက အဲ့ဒီ့အိမ်ကို လိုက်ပို့ပေးပါ သူသွားချင်တယ်တဲ့လေ တစ်ရပ်ကွက်တည်းဖြစ်နေတော့ ဆိုက်ကားလေး ဌားပေးလိုက်တာ ဖေကြီးကိုအိမ်ပြန်တော့ သူတို့အိမ်ကကားနဲ့လိုက်ပို့ပေးတယ်'' လို့ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။
Photo: မင်းသွေးဖေ့စ်ဘွတ်
ကျန်းမာရေးမကောင်းတဲ့ ကြားက သတင်းသွားမေးခဲ့တဲ့ ဦးမန်းဝင်းတို့ ဇနီးမောင်နှံအပေါ် နေတိုးတို့ မိသားစုက ကောင်းကောင်းမွန်မွန် ဧည့်ဝတ်ကျေပွန်ခဲ့ပါတယ်တဲ့။ ဒီလိုအချက်တွေကြောင့်လည်း တကယ်ကို လေးစားစရာကောင်းတဲ့အကြောင်းကို အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီက ကြည်ဖြူမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
''စိတ်သောကတွေရောက်နေတာတောင် ဧည့်ဝတ်ကျေပြီး ချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်မို့ လေးစားအတုယူရပါတယ် အစ်ကိုရေ။ ခံစား နေရတဲ့ဝေဒနာတွေကို ရင်ထဲမှာသိမ်းဆည်းပြီး တည်ငြိမ်ရင့်ကျက်ပြနေတဲ့ အစ်ကို့ရဲ့Actoin တွေက သရုပ်ဆောင် နေတာမဟုတ်မှန်း သိနေတော့.ကိုယ်ချင်းစာ သနား လေးစား အတုယူရပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ကြည်ဖြူမန်းဝင်းဖေ့စ်ဘွတ်
မင်းသွေးကို အသက်ကယ်ခဲ့ပါသေးတယ် ဆိုတဲ့ ကောင်းထက်ဇော်
မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
Photo: ကြည်ဖြူမန်းဝင်းဖေ့စ်ဘွတ်
ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ အခုလည်း မျက်လုံးမမြင်ရတာနဲ့ ကျောက်ကပ်ရောဂါခံစားနေရတာလွဲလို့ သူဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်း ပြောပြထားပါတယ်။