သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြလာပါတယ်။

ပဲရစ်ခရီးစဉ်တစ်ခုဖြစ်တဲ့ Loreal Paris Fashion Show ပွဲကိုတက်ရောက်ခဲ့ကြတဲ့ နေခြည်ဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ ဆက်ဆံ ရေး အခြေအနေ တွေကို နေခြည်ဦးက ပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ကို တမင်ရန်တိုက်ပေးနေ သူတွေကလည်း ရှိ တယ်လို့ဆိုပါတယ်။

 

နေခြည်ဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Loreal Paris Fashion Show ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အနေနဲ့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ပဲရစ်ခရီးစဉ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးအခြေ အနေကို နေခြည်ဦးက မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။



'' တစ်ခါတလေကျလို့ရှိရင်တော့ နေခြည်တို့ နှစ်ယောက်ကို တမင်သက်သက်ရန်တိုက်ပေးနေတဲ့ အရာတွေရှိတာပေါ့နော်။ ဒါပေမယ့် နေခြည် တို့နှစ်ယောက်ကတော့ အေးအေးဆေးဆေးပါပဲ။ တမင်သက်သက် နာမည်ကြီးအောင်လုပ်နေတာတွေလည်းသိတယ်။ ဒါပေမယ့် ပွဲကိုတော့ အောင်အောင်မြင်မြင်နဲ့ အေးအေးဆေးဆေးဖြတ်သန်းနိုင်ခဲ့တယ်'' လို့ဆိုပါတယ်။

 

နေခြည်ဦး ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့အတူရိုက်ကူးခဲ့ တာဖြစ် ပါတယ်။ ပဲရစ်ခရီးစဉ်ကလည်း သူတို့ နှစ်ယောက်အတွက် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံမှုဖြစ်တယ်လို့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းက အောက်ဖဲမလှန်ကြေးရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' မကစ်နဲ့ နေခြည်နဲ့က အခုမှ စခင်တာမဟုတ်ဘူး။ နေခြည့် ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားဆိုရင် မကစ်နဲ့ရိုက်ခဲ့တာဆိုတော့ နေခြည့်အတွက် က ဘဝမှာ အမှတ်တရတွေ အများကြီးပဲ။ ဝေဖန်တဲ့ ပရိသတ်တွေ ဘယ်လောက်ပဲ ရန်တိုက်ပေး၊ ရန်တိုက်ပေး နေခြည်တို့ နှစ်ယောက် က တော့ အေးအေးဆေးဆေးပါပဲ'' လို့ သူကဆိုပါတယ်။

ဘဝရဲ့ဒုတိယမြောက်ရုပ်ရှင်ကားရိုက်ကူးပြီးသွားပြီဆိုတဲ့ နေခြည်ဦး 

Loreal Paris Fashion Show ပွဲ စရောက်တဲ့အချိန်မှာ ကတည်းက နေခြည်ဦးနဲ့ ဝတ်မှုန်ရွှေရည်တို့က ရိုက်ကူးရေးတွေနဲ့ အလုပ်များနေခဲ့ကြ တယ်လို့ဆိုပါတယ်။ ဒီပွဲတက်ရောက်ခွင့်ရတဲ့ အချိန်မှာလည်း နှစ်ယောက်စလုံးအတွက် ဖိအားတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

'' နေခြည်တို့ နှစ်ယောက်စလုံးက မြန်မာနိုင်ငံကို ပထမဦးဆုံး သွားရတဲ့သူတွေလည်း ဖြစ်တော့ ညီမတို့မှာ Pressure အရမ်းများပါတယ်။ မကစ်ဆိုရင်လည်း ပြည်သူချစ်တဲ့ နံပါတ် ၁ မင်းသမီးပေါ့နော်၊ မင်းသမီးတွေလည်း ဟိုမှာပါတာဖြစ်တဲ့အတွက် သူ့အတွက်လည်း Pressure များ မှာပဲ။ နေခြည့်အနေနဲ့ကျတော့လည်း Beauty Blogger လိုင်းဖြစ်တဲ့အတွက် ဟိုဘက်မှာလည်း Beauty Blogger တွေအများကြီးရှိတာ ကြောင့် Pressure များပါတယ်''လို့ ဆက်လက်ပြောပြထားပါတယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က