ဒီနေ့မှာပဲ ပြည့်သွားတာဖြစ်ပါတယ်။

သန္တာလှိုင်တို့ ဇနီးမောင်နှံဟာ ဒီနေ့(အောက်တိုဘာလ ၆ )ရက်နေ့မှာပဲ အိမ်ထောင်သက်တမ်း ၁နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ တစ်နှစ် အတွင်း မှာ သူတို့နှစ်ဦးရဲ့ ကြည်နူးစရာအကြောင်းလေးတွေကို အခုလိုပြောပြထားပါတယ်။


Photo: သန္တာလှိုင်ဖေ့စ်ဘွတ်

 

နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင်ဟာ သူ့ရဲ့ ဒုတိယအိမ်ထောင်ကို တည်ထောင်ခဲ့တာ အောက်တိုဘာလ ၆ ရက်နေ့မှာ တစ်နှစ် ပြည့်ပြီလို့ ဆိုပါတယ်။ သန္တာလှိုင် ဟာ ဒီနေ့ အနုပညာလောကထဲမှာ ဒီနေ့ အချိန်ထိ ပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပြီး ပျော်ရွှင် စရာ ကောင်းတဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

''ကဲ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ပြီ... နောက်ထပ် နှစ်ပေါင်းများစွာ ဒီထက်ပိုပြီး နှစ်ယောက်ပေါင်းလို့ အခုလက်ရှိ လုပ်နေတာတွေထက် ပိုပြီး ကိုယ်လုပ်ချင်နေတဲ့ အကျိုးပြု လုပ်ငန်းတွေ ၂ယောင်အတူ လုပ်နိုင်ပါစေလို့။ အခြားမောင်နှံတွေလဲ ဒီထက်မက ပျော်ရွှင်ခြမ်းမြေ့ခြင်းတွေ အတိနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း။ အားလုံးအတွက် ကျွန်မတို့မောင်နှံ တစ်နှစ်အတွင်း ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်ပါတယ်နော်''လို့ ဆိုပါတယ်။

Photo: သန္တာလှိုင်ဖေ့စ်ဘွတ်

ဘဝလက်တွဲဖော်နဲ့အတူ တစ်သက်လုံးစာအတွက် စိတ်ချမ်းသာမှုရနေတဲ့ သန္တာလှိုင် 

သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်း တစ်နှစ်အတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတဲ့ အခိုက်အတန့် လေးတွေကလည်း ပျော်စရာကောင်းခဲ့တယ်ဆိုတာကို အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ခဲ့တာ ဖြစ်ပါတယ်။

'' လွန်ခဲ့တဲ့ တစ်နှစ်ကနေစလို့ တရားဝင် ခင်ပွန်းအဖြစ်နဲ့ သူ့ကို အားကိုးလာခဲ့ရတာ အများအားဖြင့် ရယ်မောပြုံးပျော်ပြီး မျော်လင့်ချက်တွေ ပြည့်နေတဲ့ ရက်တွေနဲ့ ကျော်ဖြတ်ခဲ့ရတာ များပါတယ်။ ပိစိ ကွစိကိစ္စလေးတွေနဲ့ ရန်ဖြစ်ရတဲ့ ရက်လေးတွေလဲ ရှိတာပေါ့။ အများအားဖြင့် တော့ ချစ်လွန်းလို့ တစ်ယောက်ေြ့ပာတာကို တစ်ယောက် သဘောမပေါက်လို့ ဖြစ်ကြတာ လေးတွေပေါ့။ သဘောပေါက်သွားတော့လည်း ပိုချစ်သွားကြတာနဲ့ ဘေးကလူတွေတောင် အမြင်ကတ်တယ်တဲ့  အထူးသဖြင့် အပျိုကြီးတွေပေါ့။'' လို့ သူကဆိုပါတယ်။

Photo: သန္တာလှိုင်ဖေ့စ်ဘွတ်

 

သန္တာလှိုင်ဟာ ပထမ အိမ်ထောင်နဲ့ ကွဲသွားခဲ့ပြီးနောက် သားသမီး နှစ်ယောက်ကို တစ်ဦးတည်းပြုစုပျိုးထောင်ရင်း အောင်မြင်မှုတွေ ရနေ တုန်း ပါပဲ။ အခုချိန်မှာတော့ သူမတစ်ဘဝတစ်သာ အားကိုးရမယ့် အမျိုးသား ရှိနေပါပြီ။ သူမထက် ၁ဝ နှစ်ငယ်တဲ့ အမျိုးသားကို ရွေးချယ် ခဲ့ပေမယ့် စိတ်ချမ်းသာလို့နေပါတယ်။

Photo: သန္တာလှိုင်ဖေ့စ်ဘွတ်

 

ဒုတိယအိမ်ထောင်နဲ့ စိတ်ချမ်းချမ်းသာသာနေနေရတဲ့ သန္တာလှိုင်ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ သမီးချောလေး နှစ်ယောက်နဲ့ သားလေး တစ် ယောက် နဲ့ တင်ပြည့်စုံနေပြီလို့ဆိုပါတယ်။ အမျိုးသားကလည်း ကလေးချစ်တတ်သူ မဟုတ်လို့ ဒုတိယအိမ်ထောင်နဲ့ ကလေးထပ်ယူဖို့ အစီ အစဉ်မရှိဘူးလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က