သူ့ရင်ထဲက ခံစားချက်တွေ ပြောပြလာပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ အလှမယ်လေး Bella ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုဆို ရင့်ကျက်နေသူတစ်ဦးလိ့ု ပြောလို့ ရပါတယ်။ ဒီလို အချစ်ရေးအကြောင်းကို နားလည်ဖို့ သင်ပေးခဲ့သူရှိတယ်လို့ ဖွင့်ဟ ပြောပြလာပါတယ်။



Photo: Bella Facebook

 

အချစ်ရေးအကြောင်းတွေကို ဖွဲ့ဆိုတတ်တဲ့ အလှမယ် Bella က သူကြုံတွေ့ခဲ့ရတဲ့ အချစ်အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ တော်ရုံ ချစ်တတ်တဲ့သူ မဟုတ်တဲ့အတွက် တကယ်ချစ်တဲ့သူရှိခဲ့တဲ့အချိန်မှာ အချစ်ရေးအကြောင်းတွေကို တော်တော် နားလည်ခဲ့တယ် လို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ပြောရရင်တော့ သင်ပေးခဲ့တဲ့သူ ရှိခဲ့လို့ပေါ့၊ Bella က အသက်ငယ်သေးတယ်၊ ရည်းစားတော့ ထားခဲ့ဖူးတာပေါ့။ ဒါပေမယ့် ချစ်ခဲ့ဖူးတာတော့ တော်ရုံတန်ရုံ မရှိဘူး ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့သူရှိလို့ သူ့ဆီကနေပြီးတော့ အချစ်ဆိုတဲ့အရာကို သင်ကြားခွင့်ရခဲ့တယ်။ Bella ပြောတာကို အားလုံး က လက်ခံလို့လည်း ဝိုင်း Share ကြတာလေ'' လို့ သူကဆိုပါတယ်။

Photo: Bella Facebook

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ Bella က အချစ်ရေးနဲ့ပတ်သက်ပြီး တကယ်ကို ရင့်ကျက်လာသူဖြစ်နေပါပြီ။ သူ ကြုံတွေ့ခဲ့ရတဲ့ အချစ် ရေးအပေါ်မှာလည်း သတ်မှတ်ချက်တစ်ခုပေးခဲ့ပါတယ်။ ဒါကတော့ အချစ်ဟာ အရမ်းလှပနေတုန်းပါပဲ ဆိုတာကို စက်တင်ဘာလ ၂၉ ရက်နေ့ က EMPORIO&ARMANI ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' Bella အချစ်ကို တွေ့တဲ့အချိန်တုန်းကနေ အခုချိန်ထိ Bella သိထားတာက အချစ်ဆိုတာ သူပျော်နေတာကြည့်ပြီး ကိုယ်က ပျော်ရွှင်နေမိတာ ပေါ့နော်။ အဓိက က နီးနေဖို့မလိုဘူး၊ ပိုင်ဆိုင်နေရဖို့မလိုဘူး ချစ်တယ်ဆိုတဲ့အရာက Love is so beautyful ပေါ့ အချစ်က အရမ်းလှတယ်။ ဒါပေမယ့် အဲ့ဒီမှာမှ လူတွေက ပုံစံမျိုးစုံ ဖွဲ့ဆိုပြီးတော့ အဲ့ဒီအချစ်ကို ပျက်စီးအောင်လုပ်နေကြတာဆိုတော့ ချစ်ရမှာကို ကြောက်လာတာက လည်း လူတွေကြောင့်ပဲပေါ့နော်''လို့ ဆိုပါတယ်။

ဘယ်သူ့ကြောင့်မှ ပြောင်းလဲချင်စိတ်မရှိတော့ဘူးဆိုတဲ့ Bella  

Photo: Bella Facebook

 

Bella ဟာ တစ်သက်လုံး အပျိုကြီးဘဝနဲ့ နေသွားမယ့်သူတော့ မဟုတ်ပါဘူးတဲ့။ အသက်ငယ်သေးတဲ့အတွက် သူဝါသနာပါတဲ့ အလုပ်တွေ အများကြီးလုပ်ချင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်၊ အချိန်ကြာကြာဖြတ်သန်းသွားဦးမယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို လိုချင်တယ်။ ကိုယ့်တစ်ဘဝလုံးကိုလည်း တစ်ယောက်တည်း မဖြတ်သန်းချင်ဘူး။ လှအောင်လည်း နေမယ်၊ ယောကျ်ားကလည်း ယူသင့်ရင် ယူရမှာပေါ့။ တစ်ယောက်တည်းတော့ တော်တော်ကြာကြာနေဖြစ်ဦးမယ်။ Bella ဘဝ ထဲကို ယောကျ်ားလေးတွေ အဝင်မခံသေးပါဘူး။ သူငယ်ချင်းတွေနဲ့ ကိုယ်လုပ်ချင်တာလေးတွေလည်းရှိတယ်'' လို့ဆိုပါတယ်။

Photo: Bella Facebook

 

အလှမယ် Bella ကတော့ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ တီဗီ ကြော်ငြာ တွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်း ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာ ရင်တော့ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ သူကဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က