ပုံစံပြောင်းဖို့ စိတ်ကူးမရှိဘူး။

ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ စိတ်သဘောထားအခြေအနေကတော့ အဖြူရောင်သူငယ်ချင်းလေးပါပဲတဲ့။ မိန်းကလေးတွေ သဘောကျတဲ့ ပုံစံနဲ့ မကိုက်ညီတဲ့ ကျော်ကျော်က သူ့ကို ကြိုက်တဲ့ ကောင်မလေး မရှိဘူးလို့ဆိုပါတယ်။



 

သရုပ်ဆောင် ကျော်ကျော်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်လေးတွေ ရှိမှာပါ။ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ ချစ်သူ တွေ လား ဆိုတဲ့ သတင်းတွေလည်း ထွက်လို့နေပါတယ်။ သူတို့ နှစ်ယောက်ကတော့ အခုချိန်ထိ အဖြူရောင် သူငယ်ချင်းလေးပါပဲ ဆိုတာ ကို Duwun media ကနေတဆင့် ပြောပြလာပါတယ်။

'' အေးဆေးပါပဲ၊ ဘာဖြစ်လို့လည်း သူငယ်ချင်းပေါ့ အဖြူရောင်သူငယ်ချင်းလေးပေါ့နော်။ တံခါးလေးစေ့ထားရုံပဲဆိုတော့ တွန်းဝင်ရင်လည်း ဝင်သွားမယ်၊ ပြန်ထွက်ရင်လည်း ထွက်လာမှာပေါ့။ ဆုမြတ်နိုးဦးက ကျွန်တော့်ကို အော်ကျူးလို့ခေါ်တာ အော်ကျူးလို လူမျိုးကို ဘယ်တော့မှ မယူဘူးတဲ့ အမြဲတမ်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရမှာတဲ့။ ဘာလို့လည်းဆိုတော့ ကျွန်တော်က တခြားကောင်မလေးတွေဆိုလည်း လှလိုက်တာ ငေးတယ်၊ Comment ပေးတယ်ဆိုတော့ တော်ရုံ သည်းခံနိုင်ကြမှာ မဟုတ်ဘူး'' လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Facebook

 

ကျော်ကျော်ဟာ တစ်ချိန်တုန်းက ရည်းစားတွေ အများကြီး ထားခဲ့ဖူးတယ်လို့ဆိုပါတယ်။ အဲ့ဒီကောင်မလေးတွေရဲ့ စိတ်ကြိုက်ဖြစ်မယ့် ပုံစံတွေလည်း ပြောင်းလဲနေထိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူ့အတွက်တော့ အဆင်မပြေခဲ့ဘူးလို့ အောက်တိုဘာလ ၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အလှူငွေပေးအပ်တဲ့အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

'' အဲ့ကောင်မလေးရဲ့ စိတ်ထဲမှာ လိုချင်တဲ့ ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်နေရမယ်၊ ကျွန်တော်က စကားပြောရင် အော်ကြီးဟစ်ကျယ်တွေ ပြောတတ်တယ်လေ။ အသံတိုးတိုးနဲ့ ညင်ညင်သာသာ ပြောရမယ်၊ ယဉ်ယဉ်ကျေးကျေးပြောရမယ်၊ မိန်းကလေးတွေဆိုရင်လည်း လုံးဝ စိတ်မဝင်စားရဘူး အများကြီးပဲပေါ့ ကိုယ့်ရဲ့ စတိုင်လ်မဟုတ် လို့ရှိရင် သူ့ကိုငါ ချစ်တာပဲ ပြောင်းလဲပြီးတော့ နေမယ်ဆိုပြီး နေကြည့်တယ်။ တဖြည်းဖြည်းနဲ့ ၄ လ ၅ လ လောက်ကြာတော့ မနေနိုင်တော့ဘူး။ ပင်ပန်းလာရော'' လို့ ဆိုပါတယ်။

ကျော်ကျော့်ရဲ့ နာမည်ပြောင်ကို ဖွင့်ပြောလာတဲ့ ဆုမြတ်နိုးဦး 

Photo: Kyaw Kyaw Facebook

 

ကောင်မလေးတွေ နှစ်သက်တဲ့ ပုံစံနဲ့ အဆင်မပြေခဲ့တဲ့ ကျော်ကျော်က ဒီပုံစံကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီ့အတွက်လည်း သူ့ကို ကြိုက်မယ့် ကောင်မလေးလည်း မရှိတော့ဘူးလို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

'' ကိုယ့်ရဲ့ အပြုအမူ ကိုယ့်ရဲ့ မွေးကတည်း အနေအထိုင်ပုံစံကို ပြောင်းလဲလိုက်တာက အဆင်ပြေမှာမဟုတ်ဘူး။ အဲ့ဒီဟာကို လက်ခံတဲ့ သူမှ သာ ကျွန်တော့်ရဲ့ ဘဝလက်တွဲဖော်ဖြစ်မယ်၊ ကျွန်တော့်ရဲ့ ချစ်သူအစစ်အမှန်ဖြစ်မယ်ပေါ့ ဒါတွေကို အသက်ကြီးလာတာနဲ့ အမျှ တဖြည်း ဖြည်း သိ လာတယ်။ အဲ့ဒီတော့ ရှိရင်းစွဲအတိုင်းပဲနေပြီး ဘာမှ မပြောင်းလဲတော့ဘူး။ အဲ့ဒီက စပြီး ဘယ်ကောင်မလေးမှလည်း ကျွန်တော့်ကို မကြိုက် တော့ဘူး'' လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Facebook

 

သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျော်ကျော်ပါဝင်ထားတဲ့ အရိပ်ဇာတ်လမ်း တွဲကိုလည်း အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ကျော်က ပေါက်ကျိုင်း ဆိုတဲ့ ကာရိုက်တာနဲံ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က