သရုပ်ဆောင်မေထွဋ်ခေါင်ရဲ့ သမီးလေး မေနန်းစံသူကတော့ ဒီနေ့မှာပဲ အသက် ၂ နှစ်ပြည့်ပြီလို့ သိရပါတယ်။ သမီးလေး အတွက် မွေးနေ့ ဆုတောင်းစကားတွေကို အခုလို ပြောပြထားပါတယ်။
Photo: မေထွဋ်ခေါင်ဖေ့စ်ဘွတ်
သရုပ်ဆောင် မေထွဋ်ခေါင်နဲ့ ကိုဆီဇာညီညီတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မေနန်းစံသူကတော့ ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာပဲ အသက် ၂ နှစ်ပြည့်ခဲ့တယ်လို့ သိရပါတယ်။ သမီးလေးအတွက် မွေးနေ့ဆုတောင်းတွေကိုလည်း မေမေ မေထွဋ်ခေါင်က အခုလို ပြောပြထားပါ တယ်။
'' မေမေချစ်သမီးလေးမေနန်းစံသူ 2 နှစ်ပြည့်မွေးနေ့မှစပြီး နှစ်ပေါင်း(၁၀၀)တိုင်အောင် ဖေဖေ မေမေတို့ နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီး
သာသနာပြုနိုင်သောသမီးကောင်း သမီးမြတ် သမီးရတနာလေးဖြစ်ပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: မေထွဋ်ခေါင်ဖေ့စ်ဘွတ်
သမီးလေး မေနန်းစံသူရဲ့ မွေးနေ့အမှတ်တရ အနေနဲ့ ဗဟန်းမြို့နယ်မှာရှိတဲ့ ညောင်တုန်း ကျောင်း တိုက်မှာ သံဃာအပါး ၃၀၀ကျော်ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသေးတယ်။ မေထွဋ်ခေါင်ဟာ အခုလက်ရှိမှာလည်း ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ အတွင်းမှာ မွေးဖွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo: မေထွဋ်ခေါင်ဖေ့စ်ဘွတ်
ကြည်နူးစရာကောင်းတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ မိသားစုပုံရိပ်များ
မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့တာ ဖြစ်ပြီး သမီးလေးကိုတော့ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမဆုံး သမီးလေးနာမည်ကို မေနန်းစံသူ လို့ နာမည် ပေးထားတာဖြစ်ပါတယ်။
Photo: မေထွဋ်ခေါင်ဖေ့စ်ဘွတ်
မေထွဋ်ခေါင်တို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်းတစ်နှစ်အတွင်းမှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပြီး လက်မှတ်ရေးထိုးပြီး (၂)နှစ်လောက်နေမှ မင်္ဂလာဆောင်ဖြစ်တာလို့ သိရပါတယ်။ မင်္ဂလာဆောင်တဲ့အချိန်မှာ သမီးလေး ကိုယ်ဝန်ကို လွယ်ထားနေရပါပြီ။ သရုပ်ဆောင်မေထွဋ်ခေါင်တို့ရဲ့ မင်္ဂလာပွဲကို မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ကျင်းပခဲ့တာ ဖြစ်ပါတယ်။