ညနေ ၄ နာရီကနေ ၉ နာရီအထိ နေ့စဉ်ဖွင့်ပါတယ်။

ဆိုင်ခန်းပေါင်း ၇၀ ကျော်ပါဝင်တဲ့ Sanchaung Food Town ညဈေးကို အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဓမ္မစေတီလမ်းဝင်ပေါက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာအစားအစာတွေအပြင် နိုင်ငံတကာ အစားအစာတွေနဲ့ အဝတ်အထည် အလှကုန်တွေကို ရောင်းချတဲ့ ဆိုင်ခန်းပေါင်း ၇၀ ကျော်ပါဝင်တာဖြစ်ပါတယ်။





"အများပြည်သူလာလို့လွယ်တဲ့နေရာမှာ အစားအသောက်စုံလင်စွာနဲ့ အပန်းဖြေလို့လည်းရမယ် နောက်ပြီး နိုင်ငံခြားသားတွေလာတဲ့အခါမှာလည်း အဆင်ပြေအောင် ရည်ရွယ်ဖွင့်လှစ်တာပါ"လို့ Sanchaung food town က MD ကိုမြင့်မြတ်က ပြောပါတယ်။



နာမည်ကြီးဆိုင်တွေအပြင် Street Food တွေကိုပါ ထည့်သွင်းရောင်းချနေတာဖြစ်ပြီးတော့ ကလေးကစားကွင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါ ပါဝင်သွားမယ်လို့ဆိုပါတယ်။




"နောက်ပိုင်းမှာဒီလို public area တွေမှာ ပွဲတွေ ဈေးဆိုင်တွေလုပ်ပေးတာကောင်းပါတယ်။ နီးနီးနားနားလည်းသွားလို့ရတယ်။ စားသောက်စရာလည်းစုံတော့ အဆင်ပြေပါတယ်"လို့ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်တဲ့ ကိုစိုးမိုးက ပြောပါတယ်။



နောက်ပိုင်းမှာလည်း အများပြည်သူစိတ်ဝင်စားနိုင်မယ့် အစီအစဉ်တွေနဲ့ ဆိုင်ခန်းတွေပိုဖွင့်နိုင်ဖို့လုပ်ဆောင်မယ်လို့ဆိုပါတယ်။ ဒီညဈေးကိုတော့ ညနေ လေးနာရီကနေ ကိုးနာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီးတော့ မြေနေရာအတွက် ငါးနှစ်စာ ရယူဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



လက်ရှိမှာ ညဈေးအနေနဲ့ အစိုးရက ဦးစီးဖွင့်လှစ်တဲ့ ညဈေးက ကမ်းနားလမ်းမှာ တည်ရှိတာဖြစ်ပြီးတော့ လမ်းသွားလမ်းလာခက်ခဲတာရယ်နဲ့ဆိုင်တွေတဖြည်းဖြည်းနည်းလာတာကြောင့် အသွားအလာနည်းနေသေးတာဖြစ်ပြီး ပုဂ္ဂလိကအနေနဲ့ စီစဉ်တဲ့ ညဈေးပုံစံ ရက်တိုရောင်းချဖွင့်လှစ်တာတွေ များလာတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က