ပြည်မြို့မှာ လှူမယ်လို့ဆိုပါတယ်။

ထူးအယ်လင်းကတော့ သရုပ်ဆောင်မင်းသွေးအတွက် ပြည်မြို့မှာရှိတဲ့ ရှေးဟောင်းစေတီတစ်ဆူမှာ ဘုရားထီးတင်ကုသိုလ် ယူ ပြုလုပ်ပေး သွားမယ် လို့ သိရပါတယ်။ မင်းသွေးကတော့ အောက်တိုဘာလ ၃ ရက်နေ့ညမှာ ကွယ်လွန်ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ ဈာပနပြုလုပ် ခဲ့တာဖြစ်ပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ထူးအယ်လင်းက ကွယ်လွန်သွားတဲ့ မင်းသွေးအတွက် ပြည်မြို့မှာရှိတဲ့ ရှေးဟောင်းစေတီ တစ်ဆူမှာ ထီးတော်တင် ကုသိုလ်ပြုပေးသွားမယ်လို့ ဆိုပါတယ်။ မင်းသွေးအတွက်  စိတ်မကောင်းဖြစ်မယ့်အစား ကုသိုလ်ရစေဖို့ အဓိက ဆောင်ရွက်မယ်လို့လည်း သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြထားပါတယ်။

'' မင်းအတွက် ရည်စူးပြီး ရှေးဟောင်းစေတီတစ်ဆူမှာ ထီးတော်တင်ပြီး ကုသိုလ်ပြုကြမယ် စိတ်ချ ညီလေး ။ စေတီထီးတင်မယ့် နေရာက ပြည်ဘက်မှာပဲ။ ငါမင်းအတွက် စိတ်မကောင်းဖြစ်နေမယ့်အစား ကုသိုလ်ပဲရစေချင်တယ် ။ ယောက်ျားတွေက ယောကျ်ားပီသစွာနဲ့ ဖြစ်သင့်ရာ ဖြစ်ထိုက်ကြောင်းကိုပဲ စီစဉ်ဆောင်ရွက်မယ်'' လို့ဆိုပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ထူးအယ်လင်းဟာ အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက သရုပ်ဆောင်မင်းသွေးရဲ့ ဈာပနအခမ်းအနားကို လိုက်မပို့ဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။ ဒီ့အတွက်ကြောင့်လည်း အလှူအတန်းတွေလုပ်ပေးဖြစ်နေတယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

''မင်း ရောက်လေရာဘုံဘဝမှာ အစစအရာရာကောင်းမွန်ပါစေ။ ဒီနေ့မင်း မီးသဂြိုလ်တဲ့နေရာတော့ ငါလိုက်မပို့ပေမယ့် သံသရာခရီး လျှောက် လှမ်း ဖို့ အတွက်တော့ ငါတို့ ညီအကိုတွေတတ်နိုင်သလောက်လမ်းခင်းပေးနိုင်ပါတယ် ညီလေးမင်းသွေး။ ဒါပါပဲ'' ဆိုပြီးတော့ အောက်တိုဘာ လ ၇ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

ကွယ်လွန်သွားတဲ့ မင်းသွေးအတွက် ရင်ဖွင့်စကားဆိုလာတဲ့ ဖွေးဖွေး 

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

အဆိုတော်ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က