အဆိုတော်မိုးမိုးက ဇနီးဖြစ်သူဟာ ဒုတိယကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ အပျော်ကြီးပျော်နေပါတယ်။ အောက်တိုဘာလ ၈ ရက် နေ့ ဒီနေ့ဟာ လည်း သူတို့ရဲ့ ပထမရင်သွေးလေးဖြစ်တဲ့ မိုးအိပ်မက်လွှာရဲ့ ၇ လပြည့် မွေးနေ့လေးဖြစ်ပါတယ်။
Photo: မိုးမိုးဖေ့စ်ဘွတ်
အဆိုတော် မိုးမိုးရဲ့ ဇနီးဖြစ်သူ မြတ်ပီတိမိုးကတော့ ဒုတိယ ရင်သွေးလေး လွယ်ထားရပြီဆိုတာကို ဝမ်းသာအားရနဲ့ အောက်တိုဘာလ ၈ ရက်နေ့ ဒီနေ့မှာပဲ ပရိသတ်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီနေ့ကလည်း မိုးမိုးနဲ့ မြတ်ပီတိမိုးတို့ရဲ့ ပထမရင်သွေးလေး မိုးအိပ်မက်လွှာ ရဲ့ ၇ လပြည့် မွေးနေ့ လို့လည်း သိရပါတယ်။
'' ဟိုင်း ငါပါ။ မျိုးစည်သူအောင်ပါ။ 5 weeks တဲ့ O.G professor ကြီးကိုယ်တိုင် Confirm ပါတဲ့ဗျ ။ ကွင်းထဲမှာ ၂ မိနစ်ပဲကစား ကစား
မိနစ် ၂၀ ပဲ ကစား ကစားဂိုးသွင်းတဲ့အခါ ဂိုးဝင်ဖို့ပဲ အရေးကြီးတယ်ကွ ဗဲဒီးဂွတ်ကြီးကွာ ဟား ဟား'' ဆိုပြီးတော့ အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: မိုးမိုးဖေ့စ်ဘွတ်
ဒုတိယကိုယ်ဝန် လွယ်ထားရပြီလို့ မသိရသေးခင်အချိန်မှာလည်း မိုးမိုးက သမီးလေး မိုးအိပ်မက်လွှာ အတွက် ၇ လပြည့်မွေးနေ့ ဆုတောင်းပေးရင်း နောက်ထပ် လက်ဆောင်တစ်ခုကို မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။
'' ကိုယ့်ရဲ့ lucky 7 လေး။ ဒီနေ့ ၇ လ ပြည့်ချိန် ကိုယ့်အတွက် ကံကောင်းစေမယ့် လက်ဆောင်တစ်ခု ထပ်ရလေမလား '' ဆိုပြီးတော့ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၀ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သမီးလေးရဲ့ ဓာတ်ပုံကိုပါ တင်ခဲ့တာဖြစ်ပါတယ်။
အရင်က အမှားတွေအတွက် ပွင့်ပွင့်လင်းလင်းတောင်းပန်လာတဲ့ မိုးမိုး
Photo: မိုးမိုးဖေ့စ်ဘွတ်
အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင်၇ လပြည့်ပြီဖြစ်ပါတယ်။
Photo: မိုးမိုးဖေ့စ်ဘွတ်
မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။