အောက်တိုဘာ (၃) ရက်နေ့ ည(၁၁း၂၀)က ဆုံးပါးသွားခဲ့တဲ့ မင်းသွေးအတွက် ရည်စူးပြီး ကျန်ရစ်သူ မိသားစုမှာ အလှူအတန်း တွေ ဆက်တိုက် ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။
အောက်တိုဘာ(၇) ရက်နေ့က တာမွေသာသနာ့ဂုဏ်ရည်(မိုးကုတ်ရိပ်သာ)ဆရာတော်ကို လှူဒါန်းစဉ်
အောက်တိုဘာ (၃) ရက်နေ့ ည(၁၁း၂၀)က ဆုံးပါးသွားခဲ့တဲ့ မင်းသွေးအတွက် ရည်စူးပြီး ကျန်ရစ်သူ မိသားစုမှာ အလှူအတန်းတွေ ဆက်တိုက် ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။ အောက်တိုဘာ(၇) ရက်နေ့ ညက နေတိုးတို့ မိသားစုဟာ တာမွေသာသနာ့ဂုဏ်ရည်(မိုးကုတ်ရိပ်သာ)ဆရာ တော်နှင့် ရွှေတိဂုံ စေတီတော်ပေါ်မှာ မင်းသွေးအတွက် ရည်စူးကာ သင်္ကန်းများနဲ့ လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါ တယ်။
အောက်တိုဘာ(၇) ရက်နေ့က တာမွေသာသနာ့ဂုဏ်ရည်(မိုးကုတ်ရိပ်သာ)ဆရာတော်ကို လှူဒါန်းစဉ်
ထိုသတင်းနဲ့ ပတ်သက်ပြီး ဆရာတော် အရှင်ဓမ္မနန္ဒရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။
"ကွယ်လွန်သူ သရုပ်ဆောင်ကိုမင်းသွေးအား ရည်စူး၍တာမွေ သာသနာ့ဂုဏ်ရည် (မိုးကုတ်ရိပ်သာ )ဆရာတော်နှင့် သရုပ်ဆောင်ကိုနေတိုး တို့မိသားစုတို့မှ အမျှအတမ်းပေးဝေနေစဉ်...သရုပ်ဆောင်ကိုနေတိုးနှင့် မိသားစုတို့အားရင်ထဲကိုယ်စီ တရားကိန်း၍သောကကင်းပါစေ" ဆိုပြိး အောက်တိုဘာ(၇) ရက်နေ့က ညက ဆရာတော် အရှင်ဓမ္မနန္ဒရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။
အောက်တိုဘာ(၈) ရက်နေ့မနက် ကျောက်ဂူရေ ထွက်တောရ ဆရာတော်ကို လှူဒါန်းစဉ်
ဒီနေ့ (အောက်တိုဘာ ၈) ရက်နေ့မှာလည်း နေတိုးတို့ မိသားစုဟာ မင်းသွေးအတွက် ရည်စူးပြီး အလှူဒါနတွေ ဆက်လက်ပြု လုပ်လျက် ရှိပါတယ်။ဒီနေ့မှာ မင်းသွေးအတွက် ကျောက်ဂူရေထွက်တောရဆရာတော်ကို လှူဖွယ်ဝတ္ထုအစုစုတို့ကို နေအိမ်မှာ ဆက်ကပ်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
မင်းသွေးအတွက် အလှူဒါနများကို ကျန်ရစ်သူ မိသားစုများသာမက မိတ်ဆွေအပေါင်းအသင်းတို့က ပြုလုပ်ပေးလျက်ရှိပါတယ်။ အဆိုတော် ထူးအယ်လင်းကလည်း မင်းသွေးအတွက် ရည်စူးဘုရားထီးတင်ကုသိုလ်ပြုလုပ်ပေးမယ်ဆိုပြီး ပြောထားပါသေးတယ်။
အောက်တိုဘာ(၈) ရက်နေ့မနက် ကျောက်ဂူရေ ထွက်တောရ ဆရာတော်ကို လှူဒါန်းစဉ်
ပြည်မြို့မှာ ရှိတဲ့ ရှေးဟောင်းစေတီတစ်ဆူမှာ ဘုရားထီတင်အလှူပြုလုပ်ပေးမှာ ဆိုပြီး အာက်တိုဘာ လ ၇ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
''မင်း ရောက်လေရာဘုံဘဝမှာ အစစအရာရာကောင်းမွန်ပါစေ။ ဒီနေ့မင်း မီးသဂြိုလ်တဲ့နေရာတော့ ငါလိုက်မပို့ပေမယ့် သံသရာခရီး လျှောက် လှမ်း ဖို့ အတွက်တော့ ငါတို့ ညီအကိုတွေတတ်နိုင်သလောက်လမ်းခင်းပေးနိုင်ပါတယ် ညီလေးမင်းသွေး။ ဒါပါပဲ'' ဆိုပြီးပြောထားတာပါ။မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆွေမျိုးတွေ ပြုလုပ်သော ကုသိုလ်အစုစုတို့ကို မင်းသွေးတစ်ယောက် အပြည့်အဝခံစားရပါစေလို့ Duwun မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။
အောက်တိုဘာ(၈) ရက်နေ့မနက် ကျောက်ဂူရေ ထွက်တောရ ဆရာတော်ကို လှူဒါန်းစဉ်
မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။
Share