MOU နဲ့ပဲ သွားလုပ်ကိုင်ဖို့ အလုပ်သမားညွှန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေအနေနဲ့ နှစ်နိုင်ငံ တရားဝင်လက်မှတ်ထိုးထားတဲ့ MOU စနစ်နဲ့သာ သွားရောက်လုပ်ကိုင်ဖို့လိုအပ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အောက်တိုဘာ ၈ ရက်မှာ သတိပေးကြေညာလိုက်ပါတယ်။



 

43371217_242605973097446_8292652082645696512_n.jpg

Photo - ပြည်ထဲရေးဝန်ကြီးဌာန

 

စာရွက်စာတမ်းအတုကိုင်ဆောင်မှုသည် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ၂၆၉/၁၃ အရ ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်အထိနဲ့ ငွေဒဏ် ဘတ်တစ်သောင်းမှ ဘတ်နှစ်သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တာကြောင့် MoU စနစ်နဲ့သာ သွားရောက်သင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာလုပ်သားအချို့က ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး တရားမဝင်လမ်းကြောင်းတွေကတဆင့် သွားရောက်တာ၊ စာရွက်စာတမ်းအတုကိုင်ဆောင်မှုတွေ ကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ရာမှာ နိုင်ငံကူးလက်မှတ် ရှိရုံနဲ့ မရဘဲ ဗီဇာရရှိမှသာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိမှသာ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံကူးလက်မှတ်၊ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိပေမယ့် အချို့ အလုပ်သမားတွေက လုပ်ငန်းခွင် ပြောင်းရွှေ့လုပ်ကိုင်မှုတွေကြောင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါ အလုပ်ရှင်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ရှင် ကွဲလွဲမှုတွေကြောင့် ဖမ်းဆီးခံရတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ ထိုင်းနိုင်ငံကို မြန်မာ အလုပ်သမားတွေ စေလွှတ်ရာမှာ MOU စနစ်နဲ့သာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ ကုမ္ပဏီတွေက တဆင့် စေလွှတ်နေတယ်လို့ ကြေညာချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က